Friday, June 20, 2008

ပါကစ္စတန်-မြန်မာချစ်ကြည်ရေးအသင်း၏ ထောက်ပံရေးပစ္စည်းများ ဒုတိယအကြိမ် ပေးပို့လှူဒါန်း

မုန်တိုင်းဒဏ်ခံရသော ဒေသများအတွက် ပါကစ္စတန် အစ္စလမ္မာစ်သမ္မတနိုင်ငံရှိ ပါကစ္စတန်-မြန်မာ ချစ်ကြည်ရေး အသင်း၏ ဒုတိယအကြိမ်မြောက် ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇွန်၁၇ရက်နံနက် ၁၀နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဧည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွန်း ၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပါကစ္စတန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝင်း(ခ) Mrs.Shirin Niazi၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံးမှ ယာယီသံအမတ်ကြီး Mr. Habibur-Rehman ၊ စစ်သံမှူး Col.Muzammil Hussain Shan နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပါကစ္စတန်-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝင်းက လှူဒါန်းရခြင်းအကြာင်းကို ရှင်းလင်းပြောကြားပြီး မီးသတ်ဦစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွန်းထံ ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်သည်။
ဇွန်၁၇ရက်တွင် ပါကစ္စတန်-မြန်မာ ချစ်ကြည်ရေးအသင်းမှ TG-303 လေယာဉ်ဖြင့်ပေးပိုး လှူဒါန်းသည့် ပစ္စည်းများမှာ ဆန်များ၊ သကြားများ၊ စားသောက်ကုန်များ၊ အ၀တ်အထည်များ၊ ဖိနပ်များ၊ ဆေးဝါးများ စုစုပေါင်း ၀ဒသမ၆ တန်ဖြစ်ကြောင်း သိရှိရသည်။
ဇွန်၁၇ ရက်အထိ ပါကစ္စတန်-မြန်မာချစ်ကြည်ရေးအသင်းမှ ထောက်ပံ့သောပစ္စည်းများမှာ စုစုပေါင်း ၃ဒသမ၅၂ တန်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments: