Tuesday, July 1, 2008

ဧရာဝတီတိုင်း လေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဦးစီးဌာနက ကြီးကြပ်၍ ဧရာဝတီတိုင်း လေဘေးသင့်ဒေသနေ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ပြည်နယ်ခုခံကျ/ ကာလသားရောဂါ ဆရာဝန်ကြီး ဒေါက်တာမြင့်ကျော် ဦးဆောင်သော ဆရာဝန်အဖွဲ့ သည် ဇွန်၂၂ရက်တွင် မော်လမြိုင်ကျွန်းမြို့တစ်ဖက်ကမ်း(၈)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၌ မော်လမြိုင်ကျွန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှုးနှင့် ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းပသည့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တက်ရောက်၍ ပတ်ဝန်းကျင်သန့်ရှင်း ရေးလုပ်ငန်းအကြောင်း ဟောပြောဆွေးနွေးပြီး လက်သန့်ရှင်းခြင်း အမူအကျင့်အတွက် လက်တွေ့သရုပ်ပြ ပညာပေးဆွေးနွေးသည်။
အသိညာပေး
ထို့နောက် အဖွဲ့ခေါင်းဆောင်ဆရာဝန်(အနာကြီး) ဒေါက်တာဇော်ဝမ်းက သွေးလွန်တုတ်ကွေး ကာကွယ်ရေး လုပ်ငန်းအကြောင်းကို လည်းကောင်း၊ ဒေသဆိုင်ရာ ပိုလီယိုအရာရှိ (မွန်ပြည်နယ်)မှ ဒေါက်တာရဲသူဟန်က ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများအကြောင်းကိုလည်းကောင်းအသိပညာပေး ဟောပြောဆွေးနွေး ကြကြောင်း သတင်းရရှိသည်။

No comments: