Monday, July 7, 2008

မုန်တိုင်းဒဏ်ကြောင့် အိုးအိမ်ပစ္စည်းများဆုံးရှုံးသွားသော ပြည်သူများအတွက် နေအိမ်များနှင့်စီးပွားရေးလုပ်ငန်းအထောက်အကူပြုပစ္စည်းများလှူဒါန်းနိုင်

မုန်တိုင်းဒဏ်ကြောင့် အိုးအိမ်ပစ္စည်းများဆုံးရှုံးသွားသော ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစိုးရနှင့်အတူ စေတနာရှင်ပြည်သူများအနေဖြင့် အဖွဲ့အစည်းအလိုက်ဖြစ်စေ ၊ စုပေါင်း၍ဖြစ်စေ ၊ တစ်ဦးချင်းဖြစ်စေ အောက်ပါပစ္စည်းများအတွက် ကျသင့်သောအလှူငွေများကို ရန်ကုန်မြို့ မီးသတ်ဦးစီးဌာနရုံးရှိ နာဂစ်မုန်တိုင်း ဒဏ်သင့်ဒေသများအတွက် အလှူငွေနှင့် ပစ္စည်းများလက်ခံရေးနှင့် ကြီးကြပ်ရေးအဖွဲ့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်-
ပစ္စည်း သင့်ငွေ
၁။ လူနေအိမ်တစ်လုံး ၆၀၀၀၀၀ိ/-
၂။ (၂၁)ပေရှိငါးဖမ်းလှေတစ်စင်း(စက်ပါ) ၄၀၀၀၀၀ိ/-
၃။ (၂၁)ပေရှိငါးဖမ်းလျေတစ်စင်း(စက်မပါ) ၂၀၀၀၀၀ိ/-
၎။ လက်တွန်းထွန်စက်တစ်စီး
(က) လယ်ယာ-၁၆ ၁၀၉၀၀၀၀ိ/-
(ခ) လယ်ယာ-၂၂ ၁၅၅၀၀၀၀ိ/-
(ဂ) ဧရာ-၁ ၁၁၂၈၆၀၀ိ/-
၅။ ဓာတ်မြေသြဇာတစ်အိတ် ၁၈၀၀၀ိ/-
(သတင်းစဉ်)

No comments: