မြန်မာအစိုးရ၊ အာဆီယံနှင့် ကုလသမဂ္ဂတို့ ပါဝင်ဖွဲ့စည်းထားသော သုံးပွင်းဆိုင်ဗဟိုအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်မှုများနှင့် ပြန်လည် တည်ဆောက် ရေးအတွက် အသုံးပြုမည့်အချက်အလက်များ ဆန်းစစ်အကဲဖြတ်ရေးဆိုင်ရာ အစီရင်ခံစာ (PONJA-REPORT) တရားဝင်ထုတ်ပြန်သည့် အခမ်းအနားကို ဇူလိုင် ၂၁ရက် ညနေ ၄နာရီခွဲတွင် ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ ပါတ်ခ်ရွိုင်ရယ်ဟိုတယ်၌ ကျင်းပရာ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်သူ ၊ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ အောက်ရှိ လုပ်ငန်းအဖွဲ့ များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ဌာနေကိုယ်စားလှယ်နှင့် ကုလသမဂ္ဂညှိနှိုင်းရေးမှူး၊ နိုင်ငံတကာ အစိုးရ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်သူ၊ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့၏ အဆင့်မြင့်အာဆီယံတာဝန်ခံ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး Mr.Robert Chua Hian Kong ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ဌာနေကိုယ်စားလှယ်နှင့် ကုလသမဂ္ဂညှိနှိုင်းရေးမှူး မစ္စတာ ဘီရှိုးပါရာဂျူလီနှင့် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူရုံးတို့မှ Mr.Nikolas Win Myint တို့က နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ချက်များ၊ လုပ်ငန်းဆောင်ရွက်မှု ဆန်းစစ်အကဲဖြတ်ရေးဆိုင်ရာ အစီရင်ခံစာ (PONJA-REPORT) ထုတ်ပြန်ရေးဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဒုတိယ၀န်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

No comments:
Post a Comment