Monday, July 21, 2008

ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားသို့ ဒုတိယဗိုလိချုပ်ကြီးတင်အေး တက်ရောက်ကြည်ညို

မန္တလေးတိုင်း ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် ဆားတောင်ကျေးရွာအုပ်စု သာယာကုန်းကျေးရွာအနီးရှိ မဟာမင်္ဂလာ ဇေယျသိဒ္ဓိ စံတော်ရာကုန်းတော်မြတ်၌ ကမ္ဘာ့ရွှေရင်အေး ဆရာတော်ကြီး အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ၀ိဇ္ဇာဗလ တည်ထားကိုးကွယ်တော်မူခဲ့သည့် ဥာဏ်တော် ၁၀၈တောင်အမြင့်ဆောင်သော ဆုထူးပန် သစ္စာမဏ္ဍိုင် လောကမာရဇိန် ဆုတောင်းပြည့် စေတီတော်မြတ်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆နာရီခွဲတွင် အဆိုပါ စေတီတော်မြတ် ပရ၀ဏ်အတွင်းရှိ မဟာသီရိမင်္ဂလာ စကြံတိုက်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေး တက်ရောက်ကြည်ညို၍ စေတီတော်အထွတ်၌ စိန်ဖူးတော်အား တင်လှူပူဇော်ပေးသည်။

No comments: