လေဘေးသင့်ပြည်သူများအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်များက အလှူငွေများကို ဆက်လက်လှူဒါန်းလျက်ရှိရာ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော် ဗဟိုဘဏ်(ရန်ကုန်ရုံးခွဲ) အလှူငွေလက်ခံရာဌာနသို့ လာရောက်လှူဒါန်းကြသော အလှူငွေများကို ဘဏ္ဍာငွေ လက်ခံရေးနှင့် ထုတ်ပေးရေးဆပ်ကော်မတီ ဥက္ကဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီးလှသိန်းဆွေက လက်ခံသည်။
ဇူလိုင် ၂၉ ရက်တွင် လှူဒါန်းကြသော အလှူရှင်များမှာ ဦးခင်မောင်အေးနှင့် ဒေါ်ခင်ချိုချို၊သား ကိုခင်ဇော်လတ်၊Susi Lawatil ဒေါ်သန်းသန်းမြင့်၊ဒေါ်အေးအေးသန်းတို့က လူနေအိမ်တစ်လုံးအတွက် ငွေကျပ်ခြောက်သိန်း၊ဆရာတော် ဘဒ္ဒန္တစက္က၊ဂျုတ်စမ်းတောရ ထုံးဘို(ပန်းတောင်းမြို့နယ်)က ငွေကျပ် ၂၄၀၄၀၀ တို့ဖြစ်သည်။
ဇူလိုင် ၃၀ ရက်တွင် လှူဒါန်းကြသော အလှူရှင်များမှာ ဦးခင်မောင်မြင့်နှင့် ဒေါ်တင်နွဲ့ဌေး မိသားစု မဂ္ဂင်လမ်း(ကျောက်မြောင်း)က ငွေကျပ်တစ်သိန်း၊Mr. Kin Nam Do(Chairman)&Group,Platinum-21 Company,Koreaက လူနေအိမ် တစ်လုံးအတွက် ငွေကျပ်ခြောက်သိန်း၊Mr. Hiro Yuki Tomita,President,Shinsei Co.,Ltd.,Japan က အက်ဖ်အီးစီ ၅၀၀တို့ ဖြစ်သည်။
ဇူလိုင် ၂၉ ရက်နှင့် ဇူလိုင်၃၀ ရက်တို့တွင် လက်ခံရရှိသည့် အလှူငွေ စုစုပေါင်းမှာ ငွေကျပ် ၇၅၄၀၄၀၀နှင့် အက်ဖ်အီးစီ ၅၀၀တို့ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment