Friday, July 11, 2008

ပြင်သစ်နိုင်ငံ သာသနာပြုဆရာတော် ကျွန်းနံ့သာ အရှင်နန္ဒသိရီ ဦးဆောင်သောအဖွဲ့ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ စတုတ္ထအကြိမ် လှူဒါန်း

ပြင်သစ်နိုင်ငံ သာသနာပြုဆရာတော် ကျွန်းနံ့သာ အရှင်နန္ဒသိရီ ဦးဆောင်၍ တပည့်သံဃာ ဒါယကာနှင့် ဒါယိကာမများက လေဘေးသင့် ပြည်သူများအား စတုတ္ထအကြိမ်အဖြစ် ဇူလိုင် ၆ ရက်က ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ် မိချောင်းအိုင်ကျေးရွာ၊ တပေဖျားကျေးရွာ၊ မြလေးစုကျေးရွာ၊ ဦးရွှေရိုးကျေးရွာ၊ ဘုရားငုတ်တိုကျေးရွာ၊ ရွာသာအေးကျေးရွာ၊ ပျဉ်ထောင်စုကျေးရွာ၊ တပေ(အမက)၊ ဦးရွှေရိုး(အလက)၊ မိချောင်းအိုင်(အလက) နှင့် ဒေးဒရဲမြို့ပေါ်ရှိ အိမ်ထောင်စုအချို့ စုစုပေါင်း အိမ်ထောင်စု ၁၃၀၀ခန့်နှင့် ကလေးသူငယ် ကျောင်းသူ ကျောင်းသားတို့အတွက် ဆန်အိတ်များ၊ သောက်ရေသန့်၊ အမိုးသွပ်ပြားများ၊ အီစကွတ် မုန့်ထုပ်နှင့် မုန့်ဘူးများ၊ ကွေကာအုပ်များ၊ ပြည်တွင်းဖြစ် ဖယောင်းတိုင်များနှင့် နိုင်ငံခြားမှ ဖယောင်းမီးခွက်များ၊ ပြည်တွင်းပြည်ပ ဆေးဝါးများ၊ သွားတိုက်ဆေး၊ သွားတိုက်တံများ၊ အိပ်ရာခင်းများ၊ ပြည်တွင်းပြည်ပဖြစ် ဂွမ်းစောင် အရွယ်အစားအမျိုးမျိုး၊ ကတ္တီပါခြုံတဘက်ကြီးများ၊ စင်ကာပူတီရှပ်နှင့် ဂျင်းဘောင်းဘီများ၊ သက်ကြီးရွယ်အိုများအတွက် သီးသန့် စီဝိုင်စီ ပိတ်ချောစများ၊ ကလေးကစားစရာ အရုပ်၊ ပိပီဘောလုံးဆိုက်စုံ၊ ထီး၊ ဖိနပ်၊ သင်္ကန်း၊ သပိတ်၊ ပရိက္ခရာစုံ တန်ဖိုးငွေကျပ် သိန်း ၈၀ နှင့် အလှူတော်ငွေကျပ် ၁၀ သိန်းတို့ကို သွားရောက် လှူဒါန်းခဲ့သည်။
ဆရာတော် ကျွန်းနံ့သာ အရှင်နန္ဒသိရီသည် သြဂုတ် ၁၅ရက်တွင် ပြင်သစ်နိုင်ငံသို့ သာသနာပြုခရီး ပြန်လည် ကြွရောက်မည်ဖြစ်ရာ ပြည်တွင်းပြည်ပ သာသနာပြုကိစ္စနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် အလှူငွေများ ပါဝင်လှူဒါန်းလိုပါက ဖုန်း-၀၉-၈၆၀၁၄၄၇၊ ၀၉-၅၀-၂၀၉၈၄၊ ၀၉-၉၉-၂၇၉၈၉ နှင့် ၀၁-၅၄၈၉၁၇ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

No comments: