Thursday, July 31, 2008

ဂွါတီမာလာ၌ မိုးသည်းထန်စွာ ရွာသွန်း မြို့ ၂၅ မြို့ကို အရေးပေါ်အခြေအနေ သတ်မှတ်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အပျက်အစီးများ နေရာအနှံ့ဖြစ်ခဲ့ပြီးနောက် ဒေသန္တရအုပ်ချုပ်မှုစနစ်အောက်ရှိ မြို့ပေါင်း ၂၅ မြို့ကို ဂွါတီမာလာနိုင်ငံ အစိုးရက ဇူလိုင်၂၁ ရက်တွင် အရေးပေါ်အခြေအနေကြေညာခဲ့သည်။
မိုးရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့သည့် ပျက်စီးဆုံးရှုံးရသော ပစ္စည်းဥစ္စာ၊လူများနှင့် ပတ်သတ်၍ အစိုးရက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးက ပြောကြားသည်။
ရေဘေးဒုက္ခသည် ထောင်ပေါင်းများစွာကို ကူညီရန် အမေရိကန်ဒေါ်လာ ခြောက်သန်းခန့် ခွင့်ပြုမည်ဟု ဂွါတီမာလာအစိုးရက ထုတ်ပြန်ခဲ့သည်။မကြာမီရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံတစ်ဝန်း လူ ၆၀ သေဆုံးပြီး ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရသည်။

No comments: