Saturday, July 12, 2008

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် စတုတ္ထအကြိမ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ စတုတ္ထအကြိမ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် အစည်းအဝေးခမ်းမ၌ ကျင်းပသည်။ လှူဒါန်းပွဲသို့ မဟာဗောဓိစာသင်တိုက် စာချနာယက မဟာဂန္တ၀ါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မသီရိ (ဒီဃဘာဏက) အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်ခင်ဝင်း ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဗဟိုအလုပ်အမှုဆောင်များ၊ အထူးဖိတ်ကြားထားသူများ၊ ရန်ကုန်တိုင်း အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ ၊ အဖွဲ့ချုပ်မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ မဟာဗောဓိစာသင်တိုက် စာချနာယက မဟာဂန္တ၀ါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မသီရိ (ဒီဃဘာဏက)ထံမှ ဧည့်ပရိတ်သတ်တို့က ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူသည့် ပရိတ်တရားတော်များကို နာယူဆောက်တည်ကြသည်။

No comments: