နေပြည်တော်တိုင်းစစ်ဌာနချူပ် တိုင်းမှူးဗိုလ်ချုပ်ဝေလွင်သည် ယနေ့နံနက်၉နာရီတွင် နေပြည်တော်လယ်ဝေးမြို့နယ်အေလာမြို့ နေပြည်တော်လေဆိပ်အနီး၌ ကျင်းပသော ၂၀၀၈ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ရာ အစီအစဉ်အရ နေပြည်တော် လယ်ဝေးမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌက သစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရခြင်း အကြောင်းများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းမှူးဗိုလ်ချုပ်ဝေလွင်က မဲဇလီပင်ကို စိုက်ပျိုးပေးပြီး တက်ရောက်လာသူများက သတ်မှတ်နေရာများအလိုက် သစ်ပင်များကို စိုက်ပျိုးပေးကြရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် လိုက်လံကြည့်ရှုအားပေးကြသည်။
ယနေ့ကျင်းပသည့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခြံစည်းရိုးကြက်ဆူအပင် ၅၀၀၀၊ အရိပ်ရလေကာပင်ဖြစ်သည့် မဲဇလီပင် ၅၀၀၀စုစုပေါင်း အပင်၁၀၀၀၀ စိုက်ပျိုးကြပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအင်အား ၅၀၀၀ခန့်တက်ရောက်ကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment