Friday, July 25, 2008

လေဘေးသင့်ဒေသ လူနေအိမ်များ ဆောက်လုပ်ရန်ငွေလှူဒါန်း

လေဘေးသင့်ပြည်သူများအတွက် ပြည်တွင်း၊ပြည်ပမှ စေတနာရှင်များက အလှူငွေနှင့် ပစ္စည်းများကို နေ့စဉ်လှူဒါန်းလျက်ရှိကြပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီအနီး မီးသတ်ဦးစီးဌာန (ရုံးချုပ်)ရှိ အလှူငွေနှင့် ပစ္စည်းများ လက်ခံရေးနှင့် ကြီးကြပ်ရေးအဖွဲ့သို့ ကနေဒါနိုင်ငံမှ စေတနာရှင်များက လေဘေးသင့်ဒေသအတွင်း လူနေအိမ်နှစ်လုံး ဆောက်လုပ်ရန် အလှူငွေကျပ် ၁၂ သိန်းကို လာရောက်ပေးအပ် လှူဒါန်းကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်မြင့်နှင့် တာဝန်ရှိသူများက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားကြောင်း သတင်းရရှိသည်။

No comments: