Friday, August 22, 2008

လေဘေးသင့်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတောနှင့် အတူ ၀ိုင်းဝန်းလက်တွဲဆောင်ရွက်

အမျိုသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး
သိန်းစိန်သည် သြဂုတ်၁၈ရက်က ဧရာဝတီတိုင်း ပုသိမ်မြို့သို့ ရောက်ရှိခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးမှာကြားခဲ့သည်။
လေဘေးသင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို နိုင်ငံတော်က ဦးဆောင်ပြီး တိုင်းရင်းသားလုပ်ငန်းရှင်များ အပါအ၀င် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက ၀ိုင်းဝန်းလက်တွဲ ဆောင်ရွက်လျက်ရှိရာ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်တိုအတွင်း တိုးတက်အောင်မြင်မှု ရနေပြီ ဖြစ်သည်။
လေဘေးသင့်ခဲ့သော ဧရာဝတီတိုင်း၌ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ မြို့နယ်ခုနှစ်မြို့နယ်၏ ကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေး ၊ ပြန်လည်ထူထောင်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားခဲ့သည်။
မုန်တိုင်းသင့်ခဲ့သော ဧရာဝတီတိုင်းမှ မြို့နယ်ခုနှစ်မြို့နယ်ကို အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်ခဲ့ရာ ကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ ၊ ပြည်သူနှင့် တပ်မတော်တို့က တက်ညီလက်ညီပူးပေါင်း၍ ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းတွင် အိုးမဲ့အိမ်မဲ့ လေဘေးသင့် ပြည်သူတို့၏ နေထိုင်မှု အဆင်ပြေရေးအတွက် အိမ်များဆောက်လုပ်ပေးခြင်း အပြင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးကို မူလအခြေနေထက် သာလွန်ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့၍လူမှုဘ၀ ပုံမှန်အနေထားသို့ ရောက်ရှိပြီဖြစ်သည်။
ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ ပင်လယ်ပိုင်းဒေသအထိ ဆက်သွယ်သွားလာနိုင်သည့် လမ်းကြီးသုံးသွယ်ကို ဆောင်ရွက်လျက်ရှိပြီး ပင်လယ်ပိုင်း ဒေသရှိမြို့များတွင် သဘာဝဘေးဒဏ်ရေရှည်ခံနိုင်မည့် အဆောက်အအုံများဆောက်လုပ်ရန် စီမံထားရှိပေသည်။
နိုင်ငံတော်အစိုးရသည် လေဘေးသင့်ပြည်သူတို့၏ လူမှုစီးပွားဘ၀ အချိန်တိုအတွင်း ပြန်လည်ရပ်တည်နိုင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်လာစေရန် အစွမ်းကုန်ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူတို့ကလည်း မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းလက်တွဲ ပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: