ကြက်ငှက်တုပ်ကွေးရောဂါသည် အမျိုးအစားအေ ဗီဇရှိသည့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွာသော ကူးစပ်ရောဂါ ဖြစ်သည်။
ကမ္ဘာတစ်ဝန်း ကြက်ငှက်တုပ်ကွေးရောဂါ ကူးစပ်ပြန့်ပွားမှုသည် အာရှ၊အာဖရိက၊ ဥရောပဒေသ နိုင်ငံ ၆၁နိုင်ငံတွင် ဖြစ်ပွားခဲ့ပြီး ကြက် နှင့်ငှက် စုစုပေါင်းကောင်ရေသန်း၂၆၀ ကို သုတ်သင်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ကြက်ငှက်တုပ်ကွေးရောဂါသည် ရောဂါရှိနေသော တိရစ္ဆာန်များနှင့် ထိတွေ့နီးစပ်သော လူများမှတစ်ဆင့် လူသို့ကူးစက်စေခြင်းဖြစ်ပြီး အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ကြီးမားသည်။
ကြက်ငှက်တုပ်ကွေးရောဂါ H2N1 ကူစက်ဖြစ်ပွားမှုသည် အာရှ၊အာဖရိက၊ဥရောပဒေသ နိုင်ငံ၁၄နိုင်ငံတွင် လူသို့၃၈၅ဦး ကူးစက်ခဲ့ပြီး ၂၄၃ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်အတွင်း ပထမအကြိမ် စစ်ကိုင်း၊ မန္တလေးတို့၌ လည်းကောင်း ၊ ၂၀၀၇ခုနှစ်အတွင်း ဒုတိယအကြိမ် ရန်ကုန်၊ပဲခူးတိုင်း၊ မွန်ပြည်နယ်တို့၌ လည်းကောင်း၊ တတိယအကြိမ်အဖြစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၌ လည်းကောင်းဖြစ်ပွားခဲ့သည်။
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့နှင့် ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုကြောင့် တိရစ္ဆာန်မှ လူသို့ ကြည်ငှက်တုပ်ကွေးရောဂါ ကူးစပ်မှုကို ကာကွယ်ထိန်းချုပ်နိုင်ခဲ့ပြီး ၂၀၀၈ခုနှစ် ဧပြီ၂၀ရက်တွင် ကြက်ငှက်တုတ်ကွေးရောဂါ ကင်းရှင်းသောနိုင်ငံအဖြစ် ထုတ်ပြန်ကြေညာနိုင်ခဲ့သည်။
ကြက်ငှက်တုပ်ကွေးသည် နယ်စပ်ဖြတ်ကျော် ကူစပ်မှုလမ်းကြောင်းများရှိသဖြင့် ယင်းကူးစပ်မှုလမ်းကြောင်းကို ကြိုတင်ကာကွယ်တားဆီးသွားကြရမည် ဖြစ်သည်။
ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ပွားများနိုင်သည့်နေရာ ၊ ဗိုင်းရပ်စ်ခိုအောင်းနိုင်သည့် တိရစ္ဆာန်၊ ရောဂါကူစက်လွယ်
ကူသော တိရစ္ဆာန်တို့ကို သတိပြုစောင့်ကြည့်ရမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ကြက်၊ဘဲ သားပေါက်များ ၊ ကြက်ထွက်ပစ္စည်းများ တရားမ၀င် နယ်စပ်မှဝင်ရောက်ခြင်းမရှိရေး၊ လက်ခံခြင်း မပြုရေးတို့ကို ဂရုတစိုက် ကာကွယ်တားဆီးကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ ကြက်ငှက်တုပ်ကွေးရောဂါကို နယ်စပ်ဖြတ်ကျော် ကူးစပ်မှုလမ်းကြောင်းမှ နိုင်ငံတွင်းသို့ ၀င်ရောက်မှုမရှိစေရန် မွေးမြူရေးလုပ်ငန်းရှင်များ၊ သယ်ယူရောင်းချသူများသည် ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာဌာနများ ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။

No comments:
Post a Comment