
အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဝင် သမ၀ါယမ ၀န်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်တင်ထွတ်သည် တာဝန်ရှိသူများလိုက်ပါလျက် သြဂုတ်လ၂၄ရက်တွင် လပ္ပတ္တာမြို့နယ် ပြင်စလူမြို့ နှာခေါင်းပေါက် ကျေးရွာ၌ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ထောက်ပံ့ပေးအပ်
ယင်းနောက် ၀န်ကြီးသည် ကျေးရွာရှိ ပြည်သူများအား အားပေးစကားပြောကြားပြီး ကျောင်းသားများအတွက် ဗလာစာအုပ်နှင့် စာရေးကိရိယာများ ၊ ထောက်ပံ့ရေးပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးနှင့် ကျေးရွာတာဝန်ရှိသူများအား ပေးအပ်သည်။
ဖြည့်ဆည်းခဲ့
ထိုမှတစ်ဆင့် ၀န်ကြီးသည် ဇင်ရွဲကြီးကျေးရွာရှိ တော်ဝင်ကုမ္ပဏီမှ ဆောက်လုပ်နေသည့် လူနေအိမ်ရာများ ဆောက်လုပ်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မိမိအစီအစဉ်ဖြင့် ပြန်လည်ဆောက်လုပ်မည့် ကျေးရွာသားများအား တွေ့ဆုံ၍ လိုအပ်သော သွပ်၊သံများ ဖြည့်ဆည်းခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment