Friday, August 22, 2008

လေဘေးသင့်ပြည်သူများအတွက် ဂေါ်ဇီလာခြင်ဆေးခွေနှင့် လှေသုံးစင်လှူဒါန်း


လေဘေးသင့် ပြည်သူများအတွက် စေတနာရှင် ၊ အလှူရှင်များက နေ့စဉ်လှူဒါန်းလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းမရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီအနီး မီးသတ်ဦးစီးဌာန (ရုံးချုပ်) ရှိ မေခလာခန်းမသို့ အလှူရှင် ဦးရဲလင်း( မန်နေဂျင်း ဒါရိုက်တာ ဂေါ်ဇီလာ ခြင်နိုင်ဆေးစက်ရုံ)က ငွေကျပ် ၂၈သိန်းတန်ဖိုးရှိ ခြင်ဆေးခွေ အထုပ်၈၀၀၀ နှင့် အလှူရှင် ဗိုလ်ကြီးဇာနည်ထွန်း၊ ဗိုလ်ကြီးသန်းဝင်အောင် ၊ ဗိုလ်ကြီးသူရိန်ရဲထွဋ်၊ ဗိုလ်ကြီးဇော်မိုး နှင့် ညီအစ်ကို သူငယ်ချင်းများက လှေသုံးစင်းအတွက် ငွေကျပ်ခြောက်သိန်း တို့ကို ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်မြင့်က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

No comments: