Thursday, September 18, 2008

တွံတေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ၀န်ကြီး ဦးစိုးသာ ကွင်းဆင်းဆောင်ရွက်



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာသည် စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်း တွံတေးမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာအလိုက် စီစဉ်ဆောင်ရွက်ကိစ္စရပ်များကို မှာကြားသည်။
ထို့နောက် ဗဟိုအလုပ်အမှုဆောင် ၀န်ကြီးသည် တွံတေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းရုံး၌ မြို့နယ်အသင်း အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ ရပ်ကွက်နှင့် ကျေးရွာအသင်း အမှုဆောင်များနှင့် အသင်းဝင်များအား လည်းကောင်း၊ ဘုရားကြီး စံပြကျေးရွာ၌ ကျေးရွာပြည်သူများနှင့် လည်းကောင်း တွေ့ဆုံသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာသည် ယမန်နေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ရှိ ရန်ကုန်တိုင်း စီမံကိန်းဦးစီးရုံး၌ ရန်ကုန်တိုင်းအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ် စီမံကိန်းဦးစီးမှူးများနှင့် တွေ့ဆုံရာ ရန်ကုန်တိုင်း စီမံကိန်း ဦးစီးမှူးနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ၀န်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။

No comments: