Thursday, September 25, 2008


ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနာယက၊ ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအတွင်းရေးမှူး ကချင်ပြည်နယ် တာဝန်ခံ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်တို့သည် စက်တင်ဘာ ၁၉ရက်တွင် မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာ အမှတ်(၁) တွဲဖက်အခြေခံပညာ အလယ်တန်းကျောင်းခန်းမ၌ ကျေးရွာဒေသခံပြည်သူများအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
ယင်းနောက် ကျေးရွာပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ အသင်းဝင် အဆိုပြုလွှာ ၂၅၀ကို ပေးအပ်ရာ ပြည်နယ်အတွင်းရေးမှူးက လက်ခံသည်။ ဆက်လက်၍ တိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်းက ကျောင်းသုံးဗလာစာအုပ်များနှင့် ဗဟိုအတွင်းရေးမှူး ဝန်ကြီးက အသင်းဝတ်စုံများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ကြသည်။
အသင်းဝင်အဆိုပြုလွှာ
ယင်းမှတစ်ဆင့် တိုင်းမှူးနှင့် ဗဟိုအတွင်းရေးမှူး ဝန်ကြီးတို့သည် မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာ၌ နောင်နန်းကျေးရွာနှင့် ပလနကျေးရွာမှ ဒေသခံများ၊ ရပ်မိရပ်ဖများအား တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။ဆက်လက်၍ နောင်နန်းကျေးရွာမှ အသင်းဝင်အဆိုပြုလွှာ အစောင် ၃၀၀နှင့် ပလနကျေးရွာမှ အသင်းဝင်အဆိုပြုလွှာ အစောင်၃၀၀တို့ကို ပေးအပ်ကြရာ ပြည်နယ်အတွင်းရေးမှူးက လက်ခံသည်။
အမှာစကားပြောကြား
ယင်းနောက် တိုင်းမှူးက ကျောင်းသုံးဗလာစာအုပ်များနှင့် ဗဟိုအတွင်းရေးမှူး ဝန်ကြီးက အသင်းဝင် ဝတ်စုံများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ကြပြီး အမှာစကား ပြောကြားကြသည်။
ဆက်လက်၍ တိုင်းမှူးနှင့် ဗဟိုအတွင်းရေးမှူး ဝန်ကြီးတို့သည် နောင်နန်းကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ဖွင့်လှစ်ထားသည့် ကျေးရွာအခမဲ့ ဆေးခန်းသို့ ဝင်ရောက်ကြည့်ရှုအားပေးကြပြီး ဆေးခန်း၌ အသုံးပြုရန် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments: