Tuesday, September 16, 2008

လှိုင်သာယာမြို့နယ် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် စည်းရုံးရေးဌာနကြီးက ကြီးမှူးကျင်းပသည့် လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲနှင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ရေး ဟောပြောပွဲကို စက်တင်ဘာ ၁၂ ရက်က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အမှတ်(၇)ရပ်ကွက်၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် စည်းရုံးရေးရာဌာနကြီးမှ ဌာနမှူးကြီး ဒေါက်တာ ဒေါ်ညွှန့်ညွှန့်ဦးနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်မှ အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လေဘေးသင့်ပြည်သူများအား လူသုံးကုန်နှင့် တိုင်းရင်းဆေးများ ပေးအပ်လှူဒါန်းကာ စာရေးဆရာ အဏ္ဏ၀ါစိုးမိုးက ဘ၀သက်တံအရောင်များ ထွန်းပြောင်ပါစေသား ခေါင်းစဉ်ဖြင့် စိတ်ဓာတ်ခွန်အားမြှင့်တင်ရေး ဟောပြောခဲ့ကြောင်း သိရသည်။

No comments: