Monday, September 15, 2008

အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်း ဖြူးမြို့နယ် ကွန်းချောင်းရေအားလျှပ်စစ်စီမံကိန်းစစ်ဆေး



အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းသည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ပဲခူးတိုင်း ဖြူးမြို့ အနောက်တောင်ဘက် ကိုးမိုင်ခန့်အကွာ ကွန်းချောင်းပေါ်၌ အမှတ်(၃) တည်ဆောက်ရေးမှ တည်ဆောက်အကောင်အထည်ဖော်လျက်ရှိသော ကွန်းချောင်းရေအားလျှပ်စစ် စီမံကိန်းသို့ ရောက်ရှိပြီး ဓာတ်အားပေးစက်ရုံမြေနေရာ၊ မြေကြီးကျောက်သား တူးဖော်ပြီးစီးမှု၊ ရေလျှံထိန်းဆည် EL-147m အထိ ကွန်ကရစ် သွန်းလောင်းပြီးစီးမှု၊ ပင်မတမံ EL-151.5m အထိ တမံဖို့နေမှု၊ ရေပိုလွှဲ pillway တည်ဆောက်ပြီးစီးမှု၊ ရေထိန်းမျှော်စင်တည်ဆောက် ပြီးစီးမှုနှင့် ရေယူအဆောက်အအုံ Power Intake ရှိ သံထည်ပစ္စည်းများ တပ်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယခုအခါ ကွန်းချောင်းရေအား လျှပ်စစ်စီမံကိန်းသည် ၆၉ ဒသမ ၁၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး စီမံကိန်း ပြီးစီးပါက စက်တပ်ဆင် အင်အား မဂ္ဂါဝပ် ၆၀မှ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၉၀ ထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းဖြစ်ကြောင်း သိရှိရသည်။

No comments: