Tuesday, September 16, 2008

ရန်ကုန်မြို့ ဓာတ်အားဖြန့်ဖြူးပို့လွှတ်မှုအခြေအနေများ ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့် ကြည့်ရှုစစ်ဆေး



အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ 33/11/6.6 KV မရမ်းကုန်းဓာတ်အားခွဲရုံနှင့် ရန်ကုန်မြို့ ဓာတ်အားကွန်ရက် ကွပ်ကဲရေးဌာနရှိ ဓာတ်အားခွဲရုံ Switch Yard နှင့် ထရန်စဖော်မာများ အခြေအနေ၊ ရန်ကုန်မြို့အား လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိမှု အခြေအနေနှင့် မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး မီတာခ ငွေကောက်ခံဌာနတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မရမ်းကုန်းဓာတ်အားခွဲရုံနှင့် ဓာတ်အားကွန်ရက်ကွပ်ကဲရေးဌာန Control Room ခန်းမ၌ တာဝန်ရှိသူတို့၏ ရှင်းလင်းတင်ပြမှုများအပေါ် ၀န်ကြီးက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးနှင့် ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်စေရေးတို့အတွက် တာဝန်ရှိသူ အဆင့်ဆင့်က အတွေ့အကြုံနှင့် နည်းပညာများ ပေါင်းစပ်ပြီး စေတနာထား အပင်ပန်းခံကာ အလေးထားဆောင်ရွက်သွားကြရေး၊ ဘဏ္ဍာငွေ လျာထားသတ်မှတ်ချက် ပြည့်မီစေရေးနှင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်စေရေးအတွက် ဓာတ်အား Over Load နှင့် Line Fault များ မဖြစ်ပေါ်စေရေး၊ ဓာတ်အားခိုးယူသုံးစွဲ မသမာမှုများ ပပျောက်စေရေးတို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments: