နှစ်(၄၀)ပြည့် အာဆီယံအဖွဲ့တည်ထောင်ခြင်း အထိမ်းအမှတ် အာဆီယံ လက်မှုအနုပညာ ပစ္စည်းများပြခန်း (ASEAN Corner) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ အမျိုးသားပြတိုက် ၌ ကျင်းပသည်။
ဖွင့်လှစ်
ရှေးဦးစွာ ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား ၊ ကျောင်းသူလေးများက ASEAN We are One သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စု မြန်မာ့နိုင်ငံတော်ဆိုင်ရာ အာဆီယံနိုင်ငံ သံရုံးများမှ သံအမတ်ကြီးများက အာဆီယံလက်မှုအနုပညာ ပစ္စည်းများပြခန်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် အမျိုးသားအာဆီယံ ယဉ်ကျေးမှုနှင့်ပြန်ကြားရေးကော်မတီ ဥက္ကဌ ဦးစန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဒေါ်နန္ဒာမွှန်းက အာဆီယံ လက်မှုအနုပညာပစ္စည်းများပြခန်း ဖွင့်လှစ်ပြသရေး စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသူများက ပြခန်းကို လှည့်လည်ကြည့်ရှုကြသည်။
No comments:
Post a Comment