Wednesday, September 3, 2008

မြန်မာလေဘေးသင့်ပြည်သူများအတွက် ကနေဒါပြည်သူများ ဒေါ်လာ ၁၁ သန်းကျော်လှူဒါန်း

ကနေဒါနိုင်ငံ၏ ပြည်သူများအနေဖြင့် ကနေဒါအစိုးရမှတဆင့် နာဂစ်မုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံသားများ အတွက် အမေရိကန်ဒေါ်လာ ၁၁.၆သန်းကို ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် လေဘေးသင့် ဒေသများ ပြန်လည်ထူထောင်နိုင်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်ပေးနေသော နိုင်ငံတကာ NGOများသို့ ခွဲဝေလှူဒါန်းလိုက်သည်။
မြန်မာနိုင်ငံလေဘေးသင့် ပြည်သူများအတွက် ကနေဒါနိုင်ငံက UNICEFသို့ခွဲဝေလှူဒါန်းသည့် အမေရိကန် ဒေါ်လာ ၃.၆သန်းကို လက်ခံရရှိကြောင်း UNICEFကသတင်းထုတ်ပြန်ခဲ့သည်။ကနေဒါနိုင်ငံသားများစွာ တို့မှာ မြန်မာနိုင်ငံလေဘေးသင့် မှုနှင့် ပတ်သတ်၍ စာနာစိတ်များထားရှိကြောင်းနှင့် ယခုကဲ့သို့ ကနေဒါပြည်သူများက သဒ္ဓါစိတ် ပြင်းပြစွာ ပါဝင်လှူဒါန်းကြသည့် အတွက် ကနေဒါအစိုးရအနေနှင့် အလွန်ဂုဏ်ယူကြောင်း နှင့် ကနေဒါနိုင်ငံ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ၀န်ကြီးဘီဗာလီအိုဒါက ပြောကြားသည်ဟု Myanmar nargis news မှသိရှိရပါသည်။

No comments: