Friday, September 19, 2008

ဒေးဒရဲမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေး ကျင်းပ ၀န်ကြီး ဗိုလ်ချုပ်အောင်မင်း အမှာစကားပြောကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်အောင်မင်းသည် စက်တင်ဘာ ၁၄ရက် နံနက်ပိုင်းက ဒေးဒရဲမြို့ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ဒေးဒရဲမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေး(၂၀၀၈)သို့ တက်ရောက် အမှာစကား ပြောကြား ပြီး ၂၀၀၇-၂၀၀၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူ များ အား ဆုများပေးအပ် ချီးမြှင့်သည်။
ထို့နောက် ၀န်ကြီးသည် စက်တင်ဘာ ၁၅ရက် နံနက်ပိုင်းက ဒေးဒရဲမြို့နယ် နေရောင်ကာကျေးရွာ တွဲဖက်အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများ စာသင်ကြားနေမှုကို ကြည့်ရှုပြီး စာသင်ကျောင်းဆောင် ထပ်မံဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေကျပ် ၁၀သိန်းကို ပေးအပ်သည်။
ယင်းနောက် ၀န်ကြီးနှင့် အဖွဲ့သည် တိုက်နယ်ဆေးရုံသို့ သွားရောက်၍ လေဘေးဒဏ်ကြောင့် ပျက်စီးသွားသော အမျိုးသမီးလူနာဆောင်နှင့် ခွဲစိတ်ဆောင်တို့ကို ကြည့်ရှုပြီး ခွဲစိတ်ခန်းသုံး ပစ္စည်းများ ပြုပြင်ရန် ငွေကျပ် ၁၀သိန်းကို ပေးအပ်ကာ ဆေးရုံရှိ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ရပ်မိ ရပ်ဖများအား တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

No comments: