ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနှင့် ပညာပေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေသော Care International (Myanmar) ကဘိုကလေးမြို့နယ်အတွင်းလေဘေးဒဏ်အများဆုံး ခံစားခဲ့ရပြီး ပျက်စီးဆုံးရှုံး မှု အများဆုံးဖြစ်ခဲ့သော ကျေးရွာများမှ မိသားစုဝင် ၅ဦးအထက်ရှိသော အိမ်ထောင်စုတစ်စုလျှင် စဥ့်အိုးတစ်အိုး စီ ပေးဝေခဲ့ကြောင်း ယင်းမြို့နယ်ရှိ အောင်သုခကျေးရွာမှ ဒေသခံများ မှ ပြောကြားခဲ့သည်။ လေဘေးဒဏ်သင့်ဒေသများအတွက် ပေးဝေရန် စဥ့်အိုးအလုံးရေ၂၀၀၀ရောက်ရှိနေကြောင်း၊ထိုသို့ပေးဝေမှုကို လက်ခံရန်မူ အချို့အိမ်ထောင်စုများတွင် သေဆုံးသူများက ပိုမိုမျာနေ၍ ကျန်ရှိသော မိသားစုဝင်များမှာ ၅ဦးပင် မပြည့်တော့ကြောင်း ဒေသခံများကပြောကြားခဲ့သည်။
မြစ်ဝကျွန်းပေါ်ဒေသရှိ ရေငန်ဝင်ရောက်ရာကျေးရွာများတွင် သောက်သုံးရေအတွက် မိုးရေကို သိုလှောင် ထား နိုင်ရန် စဥ့်အိုးများပေးဝေခြင်းဖြစ်ကြောင်း၊နွေရာသီတွင်သောက်သုံးရေခက်ခဲလှပြီး ရေငန်ဝင်ရောက် သောရေ ကို သောက်သုံးခြင်းကြောင့် ၀မ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားလေ့ရှိကြောင်း၊ နာဂစ်မုန်တိုင်းပြီး နောက်ပိုင်း တွင် လှေဖြင့်နှစ်နာရီနီးပါးမျှကြာသော ကျေးရွာများအထိသောက်သုံးေ၇ သယ်ယူရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
လက်ရှိအခြေနေတွင် ရေငန်ဝင်ရောက်ရာဒေသများတွင် ရေငန်များဝင်ရောက်ခဲ့သော သောက်သုံး ရေကန်များ ကို သန့်စင်ပေးခြင်း၊ရေတွင်လူကို အန္တရယ်ဖြစ်စေသာ ဘက်တီးရီးယားများကို သေစေနိုင်သည့် အကျိုးပြု အဏုဇီဝဆေးရည်များကို မြစ်ချောင်းများ၊သောက်သုံးရေကန်နှင့် လူနေအိမ်များနှင့် နီးသောပတ်ဝန်းကျင်များ တွင် အဓိကထားပက်ဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးနေကြောင်း ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာသဇင်လွက် ကပြောကြားခဲ့ကြောင်း Myanmar nargis newsမှသိရှိရပါသည်။
No comments:
Post a Comment