Tuesday, October 21, 2008

မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ဆက်လက်ထိန်းသိမ်းမြှင့်တင်

(၁၆)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ကျင်းပလျက်ရှိရာ ယနေ့ဆိုလျှင် ပဉ္စမမြောက်နေ့ တိုင်ခဲ့ပြီဖြစ်သည်။ ယခုကဲ့သို့ပြိုင်ပွဲကြီးများ ကျင်းပခြင်းဖြင့် မြန်မာအနုသုခုမ ပညာရပ်များဆောင်ကြဉ်းလာသည့် ယဉ်ကျေးသိမ်မွေ့မှု၊ ဖြူစင်ဖြောက်မတ်ရိုးသားမှု၊ ရိုးရာဓလေ့စရိုက်အစဉ်အလာ လိုက်နာကျင့်ကြံထိန်းသိမ်းမှု၊ အမျိုးအနွယ်ကို စောင့်ရှောက်မှု စသည့်လေးစားမြတ်နိုးဖွယ်ရာ မြန်မာဂုဏ်ရည်များကို ပိုမိုခိုင်မာလာစေခဲ့သည်။ အဆိုပြိုင်ပွဲတွင် မဟာဂီတ၊ ခေတ်ဟောင်း၊ ကာလပေါ်၊ ခေတ်အကြိုက်တေးများပါဝင်ပြီး အတီးပြိုင်ပွဲ၌ စန္ဒရား၊ ဂီတာ ၊နှဲ၊ ဒိုးပတ်၊ စောင်း၊ ဆိုင်းအဖွဲ့လိုက်များပါဝင်ကာရုပ်စုံသဘင်၊ ပြဇာတ်၊ ဇာတ်သဘင်၊ စာသားအရေးပြိုင်ပွဲများစသည်ဖြင့် ကဏ္ဍစုံသောပြိုင်ပွဲကြီးပင်ဖြစ်သည်။ မြန်မာတို့သည်ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားသည့် ဗီဇကောင်းရှိသူများဖြစ်ကြပြီး ရိုးရာဓလေ့အစဉ်အလာနှင့် ကျင့်ကြံနေထိုင်သော အမှုအကျင့်၊မြန်မာမှု၊ မြန်မာ့ဟန် ၊ မြန်မာ့ယဉ်ကျေးမှု လွှမ်းခြုံလျက်ရှိသည်။ မြန်မာ့ဇာတ်သဘင်များ တင်ဆက်ပြသမှုသည် လောကီ
ရေးရာဘ၀ သင်ခန်းစာများမှ တစ်ဆင့် မြတ်ဗုဒ္စ၏ဓမ္မဒေသနာအဆုံးအမများကို ထိတွေ့သိမြင်ပြီး နားလည်ခံစားရခြင်းဆိုသည့် လောကုတ္တရာအကျိုးစီးပွားကို ပေးစွမ်းနိုင်ပေသည်။ မြန်မာယဉ်ကျေးမှု အနုပညာသမိုင်းတွင် စာပေအသွင်သဏ္ဍာန်ဖြင့် စတင်ပေါ်ပေါက်လာခဲ့သော စင်တင်အနုပညာရပ်အဖြစ်
ဖြစ်ထွန်းလာသည်"့ ပြဇာတ်" ကိုလည်း ပြန်လည်ဖော်ထုတ်နိုင်ခြင်းဖြင့် စင်တင်အနုပညာရပ်ကို မြှင့်တင်ထိန်းသိမ်းထားရာရောက်ပေသည်။ သို့ဖြစ်ပေရာ နိုင်ငံနှင့်လူမျိုးအတွက် နက်ရှိုင်းသည့် အမျိုးသားရေးအဓိပ္ပာယ်မြင့်မားသည့် မျှော်မှန်းချက်နှင့် ပေါင်းစည်းပါဝင်နေသော မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်ဖြစ်ထွန်းရန်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များမပျောက်ပျက်ရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: