Thursday, November 13, 2008

တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့)



ယနေ့သည် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) အစိုးရရုံးပိတ်ရက်ဖြစ်သည်။ ထို့ကြောင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ ဘုရား၊ပုထိုး၊ စေတီတော်များ၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ရုပ်ပွားတော်နှင့် ဆင်းတုတော်များအား မသိုးသင်္ကန်း ရွှေကြာသင်္ကန်များ ဆက်ကပ်လှူဒါန်းပွဲ ၊သာမညဖလ အခါတော်နေ့ပူဇော်ပွဲများ၊ မြို့နယ်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၊ လမ်းများရှိ ဓမ္မာရုံများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ၀ါဆိုသင်္ကန်းတော်များ ၀ိနည်းတော်နှင့်အညီ ကထိန်ခင်းကျင်းနိုင်ရန် ကထိန်လျာ သင်္ကန်းနှင့် အရံအသုံးအဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည့် ကထိန်အလှူတော်မင်္ဂလာပွဲများဖြင့် အထူးစည်ကားလျက်ရှိသည်။ ညပိုင်းတွင် လမ်းအလိုက် ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ဆီမီးရောင်စုံများ ထွန်းညှိကြလျက် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ကျင်းပကြရာ အထူးဝေဆာလျက်ရှိသည်ကို တွေ့ရှိရသည်။

No comments: