

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ၁၇.၁၀.၂၀၀၈နေ့ နံနက် ၇နာရီ ၄၅မိနစ်တွင် ဧရာဝတီတိုင်းသာပေါင်းမြို့နယ်ရှိ အမှတ်(၁) စက်မှုဝန်ကြီးဌာန မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း စက္ကူနှင့် ပျော့ဖတ်စက်ရုံ(သာပေါင်း)၌ ကျင်းပသည့် တန်(၅၀)အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး စက်ရုံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
တက်ရောက်
အဆိုပါ စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကိုကို၊ ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ၊ အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ မြို့တော်ဝန်၊ ဒုတိယ၀န်ကြီးများ၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr.Guan Mu၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ စက်ရုံဝန်ထမ်းများ၊ ဘင်ခရာနှင့် ပန်းဖွားအဖွဲ့ဝင်များ တက်ရောက်ကြသည်။ရှေးဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖွင့်ပွဲအခမ်းအနား ကျင်းပမည့် စက်ရုံမုခ်ဦးရှေ့၌ နေရာယူကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ထို့နောက် အမှတ်(၁)စက်မှုဝန်ကြီးဌာန မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်၊ China Metallurgical (Group) Corporation မှ Vice President Mr.Xu Xiangchunနှင့် စက္ကူနှင့် ပျော့ဖတ်စက်ရုံ(သာပေါင်း)စက်ရုံစုမှူး ဦးရည်မွန်တို့က တန်(၅၀)အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း) မုခ်ဦးကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က တန်(၅၀)အဆင့်မြင့် စက္ကူစက်ရုံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။
ဆက်လက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကိုကို၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေနှင့် အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းတို့က စက်ရုံဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် စက်ရုံမှ တာဝန်ရှိသူများနှင့်အတူ စုပေါင်း၍ စက်ရုံမုခ်ဦးရှေ့၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တန်(၅၀)အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း)အတွင်း ပျော့ဖတ်ဖျော်စက်ဖြင့် ပျော့ဖတ်ပြုလုပ်နေမှု၊ သစ်ပွပျော့ဖတ်ချပ်များ ပြသထားမှု၊ ဓာတုဆေးရည်နမူနာများနှင့် ရောစပ်မှု အချိုးအစားအမျိုးမျိုးဖြင့် ထုတ်လုပ်ထားသော စက္ကူချောနမူနာများ ပြသထားမှု၊ စက်ရုံမှ ထုတ်လုပ်သော စက္ကူအရည်အသွေးကို မိတ္တူကူးစက်ဖြင့် စမ်းသပ်စစ်ဆေးပြသမှု၊ စက္ကူဖြတ်စက်ဖြင့် A-Series ဆိုက်စက္ကူများ ဖြတ်နေမှုနှင့် စက္ကူမျက်နှာပြင်ကြွေဆေးကော်တင်စက်ဖြင့် ကော်တင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် တန်(၂၀၀)စက္က္က္က္ကူနှင့် ပျော့ဖတ်စက်ရုံ(သာပေါင်း)အတွင်း ပျော့ဖတ်ချပ်နှင့် စက္ကူအကြမ်း ထုတ်လုပ်နေမှု၊ ထုတ်လုပ်ပြီး ပျော့ဖတ်ချပ်နှင့် စက္ကူအကြမ်းများကို ကွန်တိန်နာများအတွင်းသို့ ထည့်သွင်းနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကုန်ကြမ်းဝါများကို တစ်လက်မအရွယ် ၀ါးဖြတ်စများ ပြုလုပ်နေမှု၊ ၀ါးသိုလှောင်ကွင်းအတွင်း ကုန်ကြမ်းဝါးများ စုဆောင်းထားရှိမှုတို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်သည် င၀န်မြစ်ကမ်းဘေးရှိ စက်ရုံဝါးဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ၀ါးများကို ဇက်ရေယာဉ်ပေါ်မှ ကားပေါ်သို့ ၀န်တင်စက်ကြီးများဖြင့် တင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံဝါးတင်ဆိပ်ကမ်း၌ ပျော့ဖတ်များ ထည့်သွင်းထားသည့် ကွန်တိန်နာများကို ရန်ကုန်သို့ တင်ပို့နိုင်ရေးအတွက် ၀န်တင်စက်ဖြင့် သင်္ဘောပေါ်သို့ တင်နေမှုကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။
ထုတ်လုပ်မှုတင်ပြ
ထို့နောက် တစ်နေ့တန်(၅၀) အဆင့်မြင့်စက္ကူစက်ရုံ ရှင်းလင်းဆောင်တွင် ၀န်ကြီးဦးအောင်သောင်းက စက်ရုံတည်နေရာ၊ တစ်နေ့တန်(၅၀)အဆင့်မြင့် စက္ကူစက်ရုံ ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်၊ ပြည်တွင်းတွင် တစ်ရက်စက္ကူလိုအပ်ချက်နှင့် ပြည်တွင်းထုတ်လုပ်မှု၊ ပြည်ပမှ တင်သွင်းမှု၊ ထုတ်လုပ်သည့် ကုန်ချောစက္ကူများနှင့် အဓိကကုန်ကြမ်းလိုအပ်မှု၊ ၀န်ထမ်းအင်အားတို့ကို ရှင်းလင်းတင်ပြသည်။ရှင်းလင်းတင်ပြ
ယင်းနောက် မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်က တစ်နေ့တန်(၅၀) အဆင့်မြင့်စက္ကူစက်နှင့် တစ်နေ့တန်(၂၀၀)ပျော့ဖတ်စက်ရုံတို့၏ ထုတ်လုပ်မှု နည်းစနစ်များ၊ စက်ပစ္စည်းများအလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ ၀ါးကုန်ကြမ်းရရှိမှုနှင့် ၀ါးစိုက်ခင်းများ စိုက်ပျိုးမှု၊ သစ်စိုက်ခင်းများ စိုက်ပျိုးပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။စစ်ဆေးကြပ်မတ်
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ၀န်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စက်များအားလုံး စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး၊ စက်ရုံ၏ ကုန်ကျစရိတ်နှင့် ၀င်ငွေအချိုး(Operating Ratio) တိုးတက်ကောင်းမွန်ရေး၊ ထုတ်ကုန်အမယ်သစ်များ တိုးချဲ့ထုတ်လုပ်ရေး၊ အသုံးစရိတ်ကို စိစစ်ချွေတာ၍ ကုန်ထုတ်လုပ်မှုစရိတ်(Cost of Production)ကို လျှော့ချသွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ ထုတ်ကုန်များကို သုံးစွဲသူစိတ်ကြိုက်ဖြစ်ရန် ထုတ်လုပ်နိုင်ရေးအတွက် Survey လုပ်ပြီး ပြုပြင်ရမည်များကို ပြုပြင်ရေး၊ ဓာတုဗေဒစက်ရုံ အမျိုးအစားဖြစ်၍ ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်ရအောင် ကာကွယ်တားဆီးရေးများကို စနစ်တကျ အမြဲတမ်းဆောင်ရွက်ရေး၊ သုံးစွဲသော ကုန်ကြမ်း သစ်နှင့် ၀ါးများ လုံလောက်စွာ ရရှိရေးအတွက် သစ်နှင့် ၀ါးစိုက်ခင်းများကို စီမံချက်ချပြီး ဆောင်ရွက်ရေးနှင့် စက်ရုံလုံခြုံရေး၊ လူ လုံခြုံရေး၊ ပစ္စည်းလုံခြုံရေး၊ မီးဘေးလုံခြုံရေး စသည့်စီမံချက်များရေးဆွဲ၍ လုံခြုံရေးကို ၀န်ထမ်းအားလုံးအသိ၊ သတိရှိရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။ရင်းရင်းနှီးနှီးနှုတ်ဆက်
ဆက်လက်၍ ၀န်ကြီးချုပ်က တရုတ်ပညာရှင်များအား သစ်သီးခြင်းနှင့် လက်ဆောင်ပစ္စည်းများကို လည်းကောင်း၊ တရုတ်ကုမ္ပဏီမှ တာဝန်ရှိသူများအား သစ်သီးခြင်းနှင့် လက်ဆောင်များကိုလည်းကောင်း ပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည် ။အဆိုပါ တန်(၅၀)အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)သည် ဧရာဝတီတိုင်း သာပေါင်းမြို့နယ် လှေကြီးတက်ကျေးရွာ၌ တည်ရှိပြီး ၂၀၀၄ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Metallurgical(Group) Corporation နှင့် အမှတ်(၁)စက်မှုဝန်ကြီးဌာန မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်းတို့ စာချုပ်ချုပ်ဆိုကာ ၂၀၀၅ခုနှစ် မေ၁၄ရက်တွင် အုတ်မြစ်ချတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ထုတ်လုပ်
စက်ရုံမှ တစ်နေ့တန် ၅၀ ကျ အဆင့်မြင့်စက္ကူများ ထုတ်လုပ်လျှက်ရှိရာ မြန်နှုန်းမြင့်စက္ကူ၊ မိတ္တူကူးစက္ကူနှင့် ကွန်ပျူတာသုံးပုံနှိပ်စက္ကူ တစ်နေ့လျှင် ၃၅တန်၊နှစ်ဖက်ချောအဆင့်မြင့် စက္ကူပါးနှင့် ကြွေရောင်စက္ကူ တစ်နေ့လျှင် ၁၅တန် ထုတ်လုပ်လျှက်ရှိကြောင်း သိရှိရသည်။
No comments:
Post a Comment