အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ထူထောင်ရေးသည် အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသော နိုင်ငံသားအားလုံး၏ မွန်မြတ်သော အမျိုးသားရေးရည်မှန်း ချက်ပန်းတိုင်ပင်ဖြစ်သည်။
နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးသည် တစ်မျိုးသားလုံးနှင့်သက်ဆိုင်ပြီး အရေးပါသော လုပ်ငန်းစဉ်ကြီးဖြစ်သည်။ ပြည်သူတစ်ရပ်လုံး နိုးကြားတက်ကြွသည့် အသိစိတ်ဓာတ်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက် လာရန် စည်းရုံးရေးနည်းလမ်းဖြင့် အထောက်အကူပြုရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီးကို တည်ထောင်ဖွဲ့စည်းခဲ့သည်။
အသင်းကြီးအနေဖြင့် ကျေးလက်ဒေသမှ ဗဟိုအဆင့်အထိ ဖွင့်လှစ်ခဲ့သော သင်တန်းများတွင် လူငယ်လူရွယ်များ ကို တက်ရောက်စေခဲ့ပြီး စိတ်ဓာတ်ကြံ့ခိုင်ရေးနှင့် အရည်အချင်းနှင့် အရည်အသွေးပါ ထက်မြတ်ရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးနိုင်ခဲ့သည်။
နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေရရှိရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်ရာ၌ အသင်းဝင် လူငယ်မောင်မယ်များသည် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ ကြသည်။
နိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး လူမှုရေးနှင့် ပက်သက်ဆက်နွယ်နေသော ကဏ္ဍပေါင်းစုံ ပြုပြင်ပြောင်းလဲမှုများတွင် အသင်းဝင်များသည် နိုင်ငံတော်နှင့်အတူ ဦးထမ်း၊ ပဲ့ထမ်း စေတနာထားပြီး ၀ိုင်းဝန်းလုပ်ဆောင်လျက် ရှိကြသည်။
သို့ဖြစ်ပေရာ နိုင်ငံတော်အေးချမ်းမှု ၊ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ စီးပွားရေးခိုင်မာတောင့်တင်းမှု လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု များသည် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် အခြေခံလိုအပ်ချက်များဖြစ်ရာ ယင်းအခြေခံကောင်းများ တိုးတက်ရရှိရန် မျိုးဆက်သစ်လူငယ်များက ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:
Post a Comment