Monday, November 24, 2008

ငါးလုပ်ငန်းဦးစီးဌာန လုပ်ငန်းညှိနှိုင်းစည်းဝေး လုပ်ငန်းစွမ်းဆောင်ရည်ဆု ချီးမြှင့်

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၀ရက် နံနက်၉နာရီက ရန်ကုန်မြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်အေးက အမှာစကားပြောကြားပြီး ပြည်နယ်နှင့်တိုင်းများမှ တိုင်းဦးစီးဌာနမှူးများ ခရိုင်နှင့်မြို့နယ် မွေးမြူရေးစခန်း တာဝန်ခံများနှင့် ရေထွက်ပစ္စည်း အရည်အသွေးစစ်ဆေးရေးစခန်း တာဝန်ခံများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များအပေါ်ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးခင်ကိုလေးနှင့် ဌာနခွဲတာဝန်ခံ ညွှန်ကြားရေး မှူးများက ဖြည့်စွက်ဆွေးနွေးကြားပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

ဆက်လက်၍ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းခွင်စွမ်းဆောင်ရည်ဆု၊ အားကစားနှင့် ပညာရည်ချွန်ဆုပေးပွဲကို နိုဝင်ဘာ ၂၁ရက်နံနက် ၉နာရီက ကျင်းပရာ ညွန်ကြားရေးမှူးချုပ် ဦးမောင်အေးက အမှာစကားပြောကြားပြီး ငါးသယံဇာတထိန်းသိမ်းရေး ဆုရရှိကြသည့် ကသာခရိုင်ဦးစီးအရာရှိ ဦးမြင့်စိုး၊ မော်လမြိုင်ခရိုင်ဦးစီးအရာရှိ ဦးသက်ဦးနှင့် ရွှေကူမြို့နယ် ဒုတိယဦးစီးမှူးဦးသန်းအောင်မော်တို့အား ဆုများချီးမြှင့်သည်။

ဆုချီးမြှင့်
ထို့နောက် မြို့နယ်လုပ်ငန်းခွင် စွမ်းဆောင်ရည်ဆု လေးဆုရရှိသူများအား ဒုတိယညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ ငါးလုပ်ငန်းစခန်းများနှင့် ဌာနခွဲအလိုက် လုပ်ငန်းစွမ်းဆောင်ရည်ဆုများ အပြည်ပြည်ဆိုင်ရာ အားကစားထူးချွန်ဆုရ ၀န်ထမ်းများနှင့် ၂၀၀၇-၂၀၀၈ ခု ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစားမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ၀န်ထမ်းသားသမီးများအား တာဝန်ရှိသူများကလည်း ကောင်း ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

No comments: