Wednesday, November 26, 2008

ကမ္ဘာ့စားနပ်ရိက္ခာ ပြည့်စုံဖူလုံရေး နိုင်ငံအချင်းချင်း ပူးပေါင်း လက်တွဲဆောင်ရွက်

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) ၏ (၃၅)ကြိမ်မြောက် အထူးညီလာခံကို အီတလီသမ္မတနိုင် ငံ ရောမမြို့၌ နိုဝင်ဘာ ၁၈ရက်မှ ၂၂ရက်အထိ ကျင်းပရာ မြန်မာအပါအ၀င် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၉နိုင်ငံမှ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးဆိုင်ရာ ၀န်ကြီးအဆင့်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ယင်းညီလာခံတွင် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အီတလီသမ္မတနိုင်ငံ အခြေစိုက် FOCSIV-INGO အဖွဲ့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ တောင်ကြီး၊ ကျိုင်းတုံနှင့် တာချီလိတ်ဒေသများရှိ စိုက်ပျိုးရေးဖွံ့ဖြိုး မှု စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ၊ လပ္ပတ္တာတို့၌ ဆောင်ရွက်နေသည့် Shelter တည်ဆောက်သည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
(၃၅)ကြိမ်မြောက် FAO အထူးညီလာခံတွင် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေး၊ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး ကိစ္စရပ်များ ပါဝင်သော အစီရင်ခံစာကို ဖတ်ကြားပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ ဆောင်ရွက်မည့် အဖွဲ့၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များ အဆိုပြုချက်ကို ညီလာခံမှ အတည်ပြု ချမှတ်ခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် FAO ညွှန်ကြားရေးမှူး ချုပ်အားတွေ့ဆုံ၍ FAOအဖွဲ့မှ လေးဘေးသင့်ဒေသများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ကူညီပေးမှုနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ရေရှားသည့်ဒေသများ၌ စိုက်ပျိုးရေးအတွက် ဆည်ငယ်ကန်ငယ်များ တည်ဆောက်မှု၊ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုလုပ်ငန်းများတွင် အကူအညီပေးနေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ကမ္ဘာ့ပြည်သူများ၏ အသက်ရှင်ရပ်တည်နိုင်မှုတွင် အခြေခံအကျဆုံးဖြစ်သည့် စားနပ်ရိက္ခာများ ပြည့်စုံဖူလုံရန် ကြိုးပမ်းအားထုတ်မှုသည် အဓိကကျသည်။ (၃၅)ကြိမ်မြောက် FAO အထူးညီလာခံတွင် ကမ္ဘာ့စားနပ်ရိက္ခာဖူ လုံရေး၊ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအတွက် အစီရင်ခံစာတင်သွင်းခြင်းစသည်တို့သည် ကမ္ဘာ့နိုင်ငံများ အတွက် မွန်မြတ်သော လုပ်ငန်းစဉ်များဖြစ်သည်။
သို့ဖြစ်ပေရာ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ (၃၅)ကြိမ်မြောက် အထူးညီလာခံသည် ကမ္ဘာ့ လူသားများ၏ အကျိုးအတွက် အားထုတ်ကြိုးပမ်းသော ညီလာခံဖြစ်ရာ ကမ္ဘာ့နိုင်ငံများသည် တစ်နိုင်ငံချင်းသော် လည်းကောင်း ၊ စုပေါင်း၍ သော်လည်းကောင်း လူသားများအကျိုးစီးပွားအတွက် ၀ိုင်းဝန်း လက်တွဲကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: