ုပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ကျော်ဆန်းနှင့် မြန်မာနိုင်ငံ ပုံနှိပ်နှင့်ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း အမှုဆောင်များ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ၀င်္ကပါလမ်းရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမောင်မောင်က အသင်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ၀န်ကြီးဗိုလ်မှူးချုပ် ကျော်ဆန်းက မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း အနေဖြင့် ပုံနှိပ်နှင့် ထုတ်ဝေရေးလုပ်ငန်းများ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး ၊ပုံနှိပ်နှင့် ထုတ်ဝေရေး လောကသားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်ရေး စသည့် ရည်ရွယ်ချက်များအတိုင်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ ၀န်ကြီးဌာနအနေဖြင့်လည်း လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်း ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများအပေါ် နည်းလမ်းများ ရှာဖွေကြံဆပူးပေါင်း ဖြေရှင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ဖွံ့ဖြိုးတိုးတက်
ပုံနှိပ်နှင့်ထုတ်ဝေရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စာပေလောကဖွံ့ဖြိုးတိုးတက်ရေးသည် ဒွန်တွဲလျက်ရှိကြောင်း၊ စာပေလောကနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပုံနှိပ်နှင့် ထုတ်ဝေရေးလုပ်ငန်းများသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။တိုက်တွန်း
အသင်း၏လုပ်ငန်းကိစ္စရပ်များနှင့် အသင်းဝင်များ၏ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရာ၌ အသင်းအမှုဆောင်များ အားလုံး ပေါင်းစပ်ညှိနှိုင်း၍ စည်းလုံးညီညွတ်စွာဆက်လက်ဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။အမှာစကားပြောကြား
ထို့နောက် တက်ရောက်လာကြသူများက လုပ်ငန်းဆိုင်ရာများကို ဖြည့်စွက် ဆွေးနွေး တင်ပြကြကာ ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
No comments:
Post a Comment