Friday, December 5, 2008

ကိုယ်ခွန်ကိုယ့်အား စိုက်ထုတ်လုပ်ကိုင် နိုင်ငံတော်အကျိုး စေတနာထားစွမ်းဆောင်

မြန်မာနိုင်ငံသည် စားဝတ်နေရေးအတွက် ပြည့်စုံဖူလုံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ သဘာဝသယံဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်းများရှိနေသည်။
မြန်မာနိုင်ငံသည် လယ်ယာလုပ်ငန်းခွင်တစ်ခုတည်း၌ပင် လယ်ယာလုပ်သားများစွာ လိုအပ်လျက်ရှိသည်။ တနင်္သာရီတိုင်းတွင် ဆီအုန်းဧက ငါးသိန်း လျာထားစိုက်ပျိုးလျက်ရှိရာ ယခုအခါ ၂၄၉၂၇၄ဧက စိုက်ပျိုးပြီး
ဖြစ်သည်။ ကျန်ဧကများ ဆက်လက်စိုက်ပျိုးရန်အတွက် အလုပ်သမားမြောက်များစွာ လိုအပ်နေသည်။
ရော်ဘာလုပ်ငန်းတွင်လည်း ရော်ဘာဧက ၉၃၉၇၀၀ စိုက်ပျိုးပြီးဖြစ်၍ အသစ်ထပ်မံစိုက်ပျိုးရန် အလုပ်သမားများ သိန်းချီလိုအပ်လျက်ရှိပြီး ကျွန်းစိုက်ခင်းလုပ်ငန်း ၊ သစ်ထုပ်လုပ်ရေးလုပ်ငန်း ၊ ငါးဖမ်းလုပ်ငန်းနှင့် ဆားလုပ်ငန်းတို့၌လည်း အလုပ်အကိုင် အခွင့်အလမ်းများ များစွာပေါ်ပေါက်နေသည်။
ပြည်ပနိုင်ငံများတွင် တရားဝင်နှင့်တရားမ၀င် အလုပ်သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ တွင် တရားဝင်အလုပ်သမား ၄၆၀၅၇သာရှိပြီး တရားမ၀င် သွားရောက်လုပ်ကိုင်နေကြသည့် အလုပ်သမား
များသည် အဆိုပါနိုင်ငံများမှ ထုတ်ပြန်သည့် စာရင်းဇယားများအရ နှစ်သန်းကျော်ခန့်ရှိကြောင်း သိရသည်။
ယင်းအလုပ်သမားများသည် အမိနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဆိုပါက မူလနေထိုင်သည့် အိုးအိမ်အသစ်
ရှိကာ အလုပ်အကိုင်များလည်း အသင့်ရှိနေပြီဖြစ်သည်။
လူတိုင်းသည် ကိုယ့်ခွန်ကိုယ့်အား စိုက်ထုတ်လုပ်ကိုင်ကြမည်ဆိုပါက လုပ်ငန်းများရှိနေပြီး စားဝတ်နေရေးအတွက် ပြည့်စုံဖူလုံမှုရှိနေသည့် နိုင်ငံဖြစ်သည်။
ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် အလုပ်အကိုင် အခက်အခဲများကြောင့် မြန်မာနိုင်ငံသို့ ပြန်လာမည်ဆိုပါက နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အလုပ်သမားဝန်ကြီးဌာန ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
သို့ဖြစ်ပေရာ ရေမြေသယံဇာတနှင့် ပြည့်စုံသော မြန်မာနိုင်ငံသည် အလုပ်အကိုင်အခွင့်အလမ်းများ ရှိနေပြီဖြစ်၍ နိုင်ငံတော်အတွက် ညီညီညွတ်ညွတ်နှင့် စေတနာထားပြီး ကြိုးစားလုပ်ကိုင်ကြပါက နိုင်ငံတော်အကျိုး၊ ပြည်သူများ၏အကျိုး၊ ပြည်သူအကျိုးကို နိုင်ငံတော်က ကူညီဆောင်ရွက် ဖြည့်ဆည်း
ပေးမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: