Monday, January 26, 2009


ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့သည့် နယ်စပ်ဒေသများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေရန်နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ယခုအခါအောင်မြင်မှုများရရှိနေ သည်။
နယ်စပ်ဒေသနေတိုင်းရင်းသားပြည်သူများ လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက်"နယ်စပ်ဒေ သတိုင်းရင်းသားပြည်သူများ မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ဆွေစဉ်မျိုးဆက်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်လူနေ မှုဘ၀အဆင့်အတန်းဆက်လက်တိုးတက်ဖြင့်မားစေရေးအတွက်ရေရှည် ဖွံဖြိုးတိုးတက်မှု ဖြစ်ထွန်းအောင် နယ် စပ်ဒေသများတွင်လူ့စွမ်းအားအရင်းအမြစ်များပြုစုပျိုးထောင်ပေးရမည်"ဟူသည့်နိုင်ငံတော်အကြီးအကဲ၏လမ်းညွန်ချက်နှင့်အညီနယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဌာနက နိုင်ငံအနှံအပြားတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၂၈ ကျောင်းတည် ထောင်ဖွင့်လှစ်ထားသည့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း အမှတ် (၁) သို့သွားရောက်လေ့လာခဲ့သည်။

No comments: