Thursday, January 15, 2009

ဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော် ကချင်ပြည်နယ်အတွင်း ဒေသ ဖွံ့ဖြိုးမှုဆောင်ရွက်


ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်သည် ဇန်န၀ါရီ ၁၂ ရက်တွင် ကချင်ပြည်နယ် နမ္မတီးမြို့ ဒီဂျစ်တယ်အော်တိုအိတ်ချိန်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှု အပေါ် အဝေးဆက် သွယ်မှုလိုင်းများပိုမိုကောင်းမွန်စေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ၀န်ကြီးသည် မိုးကောင်းမြို့ အော်တိုအိတ်ချိန်းသို့ ရောက်ရှိပြီး အိတ်ချိန်း စက်ပစ္စည်းများ၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ နှင့် ဆားမှော် မိုက္ကရိုဝေ့ဗ်စခန်း တို့ကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ၀န်ကြီးသည် ပင်ဘောမြို့ အော်တိုအိတ်ချိန်း အဆောက်အအုံ တည်ဆောက် ပြီးစီးမှုနှင့် ပင်ဘောတိုက်နယ် ပြည်သူ့ဆေးရုံ တို့ကို ကြည့်ရှုစစ် ဆေးကာ မိုးကောင်းမြို့နယ် ကုန်းတန်းကြီး ကျေးရွာ "မိုးထက်ကြယ်" စာကြည့်တိုက် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျေးရွာ စာကြည့် တိုက်အတွက် (၂၁) လက်မ တီဗွီနှင့် စာအုပ်များ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ၀န်ကြီးသည် မိုးညှင်းမြို့နယ်မရင်းကုန်းကျေးရွာ" အလင်းပြ" စာကြည့်တိုက် ဖွင့်ပွဲသို့ တက်ရောက်၍စာကြည့်တိုက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စာကြည်တိုက်အတွက် (၂၁) လက်မ တီဗွီတစ်လုံး ပေးအပ်လှူဒါန်းသည်။
ဝန်ကြီးသည် ဇန်န၀ါရီ ၁၃ ရက်တွင် မန္တလေး တိုင်း ရတနာပုံမြို့သစ်စီမံကိန်း၌ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း များ လျင်မြန်ချောမွေ့စွာဆောင်ရွက် နိုင်ရေး ညှိနှိုင်းအစည်းအ၀းသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်သိန်းထွန်း ၊ညွှန်းကြား ရေးမှူးချုပ်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ တာဝန်ရှိသူများက အမှာစကားပြောကြား ပြီး ဌာနအကြီးအကဲများက ရတနာပုံမြို့သစ် စီမံကိန်းဧရိယာအတွင်း လမ်းဖောက်လုပ်ပြီးစီးမှု၊ လျှပ်စစ်မီးနှင့် ရေ ရရှိရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ လုပ်ငန်းရှင်များ က လုပ်ငန်းလိုအပ်ချက်များကို လည်းကောင်း ဆွေးနွေးတင်ပြကြရာ ၀န်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
ယင်းနောက် ၀န်ကြီးသည် ရတနာပုံမြို့သစ်တည်ဆောက်နေမှု နှင့်မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူဆောက်လုပ်လျက်ရှိသည် သဲရေစစ်ကန်၊ ရေလှောင်ကန်နှင့် ရေတွန်း စက်ရုံများ တည် ဆောက်နေမှုနှင့် ကုမ္ပဏီများက ဆောက်လုပ်လျက်ရှိသည့် လုပ်ငန်းများပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ် ဆေးပါသည်။

No comments: