မြန်မာနိုင်ငံလေကြောင်းနှင့် အာကာပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကောလိပ် ၊သိပ္ပံများနှင့် ကွန်ပျုတာတက္ကသိုလ်များမှ ၂၀၀၇၊၂၀၀၈ ပညာသင်နှစ် အတန်းတင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ ၂၀၉ ဦးနှင့် ဗဟိုအဆင့် English Debate Competition တွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူ ခြောက်ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၁၅ ဦးတို့အား ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်န၀ါရီ ၅ ရက် မွန်းလွဲ ၁ နာရီတွင် မန္တလေးနည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၀န်ကြီး ဦးသောင်း တက်ရောက်၍ အမှာစကား ပြောကြားပြီး ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများကို ပေးအပ်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကွန်ပျုတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ပါမောက္ခများ၊ ဒုတိယပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ တစ်နိုင်ငံလုံးအဆင့် အမှတ်အများဆုံး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ ဗဟိုအဆင့် English Debate Competition တွင် ဆုရရှိသူများနှင့် ၄င်းတို့၏ မိဘများ၊ ဧည့်သည်များတက်ရောက်ကြသည်။
အခမ်းအနားတွင် ၀န်ကြီးဦးသောင်းက အမှာစကားပြောကြားပြီး သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ တစ်နိုင်ငံလုံးအဆင့် အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး၊ English Debate Competition အကြီးတန်းအဆင့်၌ ပထမဆု ရရှိသူတစ်ဦးနှင့် အငယ်တန်းအဆင့်၌ ပထမဆုရရှိသူ တစ်ဦးတို့အား ဆုများကိုပေးအပ်ချီးမြှင့်ကာ ဆုရကျောင်းသား၊ ကျောင်းသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ကျောင်းအုပ်ကြီးများက ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအားဆုများကို ပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား၊ ကျောင်းသူ နှစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment