ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ်သိန်းဇော်သည် ဇန်န၀ါရီ ၁၂ရက်က ကချင်ပြည်နယ် နမ္မတီးမြို့နယ် ဒီဂျစ်တယ်အိတ်ချိန်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် အဝေးဆက်သွယ်မှုလိုင်းများ ကောင်းမွန်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ၀န်ကြီးသည် ပင်းဘောမြို့ အော်တိုအိတ်ချိန်းအဆောက်အအုံ တည်ဆောက်ပြီးစီးမှုနှင့် ပင်းဘော တိုက်နယ် မိုးကောင်းမြို့နယ် ကုန်းတန်းကြီးကျေးရွာ မိုးထက်ကြယ်စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးပြီး ကျေးရွာစာကြည့်တိုက်အတွက် ၁၂လက်မတီဗွီနှင့် စာအုပ်များ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ၀န်ကြီးသည် မိုးညှင်းမြို့နယ် မရမ်းကုန်းကျေးရွာ အလင်းပြ စာကြည့်တိုက်ဖွင့်ပွဲသို့ တက်ရောက် ၍ စာကြည့်တိုက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စာကြည့်တိုက်အတွက် ၂၁လက်မ တီင်္ဗွီတစ်လုံး ပေးအပ်လှူဒါန်းသည်။
အမှာစကား
ဝန်ကြီးသည် ဇန်န၀ါရီ ၁၃ရက်တွင် မန္တလေးတွင် ရတနာပုံမြို့သစ်စီမံကိန်း၌ ရင်းနှီးမြှပ်နှံမည့် လုပ်ငန်းများ၊ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဆက်သွယ်ရေး စာတိုက် နှင့်ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ်သိန်းထွန်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ တာဝန်ရှိသူများက အမှာစကားပြောကြားပြီး ဌာနအကြီးအကဲ များက ရတနာပုံမြို့သစ် စီမံကိန်းဧရိယာ အတွင်း လမ်းဖောက်လုပ်ပြီး စီးမှု၊ လျှပ်စစ်မီးနှင့် ရေရှိရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ လုပ်ငန်းရှင်များက လုပ်ငန်းလိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ၀န်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။
ယင်းနောက် ၀န်ကြီးသည် ရတနာပုံမြို့သစ် တည်ဆောက်နေမှုနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူ ဆောက်လုပ်လျက်ရှိသည့် သဲရေစစ်ကန်၊ ရေလှောင်ကန်နှင့် ရေတွင်းစက်ရုံ များ တည်ဆောက်နေမှုနှင့် ကုမ္ပဏီင်္က ဆောက်လုပ်လျက်ရှိသည့် လုပ်ငန်းများ ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။

No comments:
Post a Comment