အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း ၂၀၀၉ခုနှစ် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ဦးစီးကောင်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း၊ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့မှ အဖွဲ့ဝင်များ၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ တိုင်းရင်းသားတိုင်းရင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းမှူးက ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်သူများက ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအား အလေးပြုကြရာ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်သည်။
ယင်းနောက် ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံမှ ၂၀၀၉ခုနှစ် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာကို တိုင်းမှူးက ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

No comments:
Post a Comment