Wednesday, February 11, 2009

ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ


ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဇနီး ဒေါ်မြမြစန်း
တက်ရောက်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူမြို့ မဟာရွှေစည်ကြီး စေတီတော် န၀မအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မဟာရွှေစည်ကြီး စေတီတော်၌ ကျင်းပရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဇနီး ဒေါ်မြမြစမန်းတို့ တက်ရောက်ကြည်ညိုကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

No comments: