မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အကြောင်းဟောပြောခြင်းနှင့် အဖွဲ့ဝင်အဆိုပြုလွှာ၊ အဖွဲ့ဝင်လက်မှတ်နှင့် ရင်ထိုးတံဆိပ်ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ခင်မြတ်ထွေးက အမှာစကားပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့သည် ၂၀၀၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် သံဖြူဇရပ်မြို့ အထက (၁)နှင့် အထက(၂)တို့တွင် ဘာသာရပ်ဆိုင်ရာများ သင်ကြားပို့ချနေမှုများကို သွားရောက် ပံ့ပိုးသည်။
ဟောပြော
ထို့နောက် သံဖြူဇရပ်မြို့နယ်အတွင်းမှ အမျိုးသမီးရေးရာအဖွဲ့ဝင် အဆိုပြုလွှာ အစောင်၅၀၀ ကို မြို့နယ်အဖွဲ့ဥက္ကဌ ဒေါ်ရီရီသောင်းက မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌအား ပေးအပ်ပြီး မွန်ပြည်နယ်အဖွဲ့ ဥက္ကဌ ဒေါ်ခင်မြတ်ထွေးက အဖွဲ့ဝင်ရင်ထိုးတံဆိပ်နှင့် အဖွဲ့ဝင်လက်မှတ်များကို ပြန်လည်ပေးအပ်သည်။ ထို့နောက်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မြင့်ဝင်းက မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်အကြောင်း ဟောပြောသည်။ဆက်လက်၍ မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့သည် ၂၀၀၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် သံဖြူဇရပ်မြို့ အထက (၁)နှင့် အထက(၂)တို့တွင် ဘာသာရပ်ဆိုင်ရာများ သင်ကြားပို့ချနေမှုများကို သွားရောက် ပံ့ပိုးသည်။
No comments:
Post a Comment