Wednesday, February 18, 2009

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထိုင်းနိုင်ငံ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ.အား ဘုရင့်နောင်ရိပ်သာ၌ လက်ခံတွေ့ဆုံ

ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Anupong PaoJinda ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁၂နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်အတူ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ဥာဏ်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးမြတ်ဟိန်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ဝင်းနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံမှူး ဗိုလ်မှူးကြီးဝင်းမောင်တို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ထိုင်းဘုရင့်တပ်မတော် ကြည်းဦးစီးချုပ် General Anupong PaoJinda ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာဘန်စန်း ဘွန်နတ်ခ်နှင့် စစ်သံမှူး Colonel Ekachai Harnpoonvittana တို့တက်ရောက်ကြသည်။

No comments: