Friday, February 6, 2009

ကွန်ပျူတာသုံး မြန်မာစာဘာသာပြန်စနစ် ဆောင်ရွက်နေမှု ဝန်ကြီး ဗိုလ်ချုပ်သိန်းဇော် ကြည့်ရှုအားပေး



ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်သည် ဖေဖေါ်ဝါရီ ၃ ရက်က ရန်ကုန်မြို့ အလုံမြို့နယ် မိုဘိုင်းလ်အိတ်ချိန်းသို့ ရောက်ရှိရာ တာဝန်ခံအင်ဂျင်နီယာများက W.CDMA စနစ် စက်ပစ္စည်းများ၊ တပ်ဆင်ပြီးစီးမှုနှင့် စမ်းသပ်သုံးစွဲမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဝန်ကြီးက စက်ပစ္စည်းများ စံချိန်စံညွှန်းမှန်ကန်မှုရှိရေး၊ အရည်အသွေးမီ ဝန်ဆောင်မှုပေးနိုင်ရေးတို့ကို မှာကြားသည်။

ဆက်လက်၍ ဝန်ကြီးသည် အီလက်ထရွန်နစ် အမျိုးသားအဆင့် လုပ်ငန်းအဖွဲ့၏ ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး မြန်မာစာအဖွဲ့ ကွန်ပျူတာပညာရှင်အသင်းနှင့် Natural Language Processing တို့မှ ပညာရှင်များ၊ MyMyanmar Group မှ ပညာရှင်များ၏ ကွန်ပျူတာသုံး မြန်မာစာဘာသာပြန်စနစ် ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် အစည်းအဝေးခန်းမ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အင်ဂျင်နီယာချုပ်များက အော်တိုဖုန်းနှင့် မိုဘိုင်းလ်ဖုန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ထပ်မံတိုးချဲ့ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးက လိုအပ်သည်များကို မှားကြားဖြည့်ဆည်း Justify Fullဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments: