Friday, February 27, 2009

MRTV-4 နှင့် ဆက်စပ်ရုပ်သံလိုင်းများ ပူးတွဲတပ်ဆင် ထုတ်လွှင့်ခြင်းအခမ်းအနား
သံတွဲမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၌ ကျင်းပ
ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း တက်ရောက်ဖွင့်လှစ်ပေး


ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းသည် ဖေဖော်ဝါရီ ၂၂ရက် နံနက်၈နာရီခွဲတွင် ရခိုင်ပြည်နယ် သံတွဲမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၌ ကျင်းပသည့် MRTV-4 နှင့် ဆက်စပ်ရုပ်သံလိုင်းများ ပူးတွဲတပ်ဆင် ထုတ်လွှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ယင်းအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနား အစီအစဉ်အရ ရခိုင် မင်္ဂလာစည်တော်တီးခတ်၍ ဖွင့်လှစ်ပြီး ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၊ သံတွဲခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်ဆန်းနှင့် Forever Group ကုမ္ပဏီ လီမိတက်မှ ဦးဝင်းမော်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

No comments: