Tuesday, March 3, 2009

ဥပ္ပါတသန္တိစေတီတော်ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူပွဲနှင့်ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာအခမ်းအနားများကျင်းပမည့်အထိမ်းအမှတ်အဖြစ်ကြည့်ချင်ပွဲများဖြင့်ဆက်လက်ပြသ





နေပြည်တော်ရှိ ဥပ္ပါတသန္တိကုန်းတော်၌ တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိစေတီတော် ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားများကျင်းပမည့် အထိမ်းအမှတ်အဖြစ်ကြည့်ချင်ပွဲများကို ဒုတိယနေ့အဖြစ် ယမန်နေ့ညပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်တောင်ဘက် ရာဇဌာနလမ်းအနီးရှိ ပွဲတော်ကွင်း၌ "အာဇာနည်စန်းစန်း" ဆက်ကပ်အဖွဲ့က ဆက်လက်ဖျော်ဖြေတင်ဆက်လျက်ရှိရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဝေလွင်၊ ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့်၊ ကြည့်ချင်ပွဲများနှင့် ဖျော်ဖြေရေးဆပ်ကော်မတီဥက္ကဌ၊ ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးရန်နိုင်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူ ၉၀၀၀ကျော်တို့ ပျော်ရွှင်စွာ လာရောက်ကြည့်ရှု့ကြသည်။
အလားတူ မြန်မာ့ရုပ်ရှင်လုပ်ငန်းမော်ကွန်းရုပ်ရှင်က အကယ်ဒမီဆုရမြန်မာရုပ်ရှင် ဇာတ်ကားများဖြစ်သည့် " ကိုးဆယ်ဆသာလိမ့်မယ် "ဇာတ်ကားနှင့် "ပန်းဒဏ္ဍာရီ " ဇာတ်ကားများကို ပြသညဖျော်ဖြေသည်။
အဆိုပါ ကြည့်ချင်ပွဲများကို နေပြည်တော် ပျဉ်းမနား၊နေပြည်တော်တပ်ကုန်းနှင့် နေပြည်တော်လယ်ဝေးရှိ ကျေးလက်ပြည်သူများက လှည်းများဖြင့် တပျော်တပါး လာရောက် ကြည့်ရှုကြသည်ကို တွေ့ရှိရသည်။
တတိယနေ့အဖြစ် ညနေပိုင်းတွင် ကြည့်ချင်ပွဲများအဖြစ် မန္တလေးမှ "နန်းအငြိမ့် " အဖွဲ့နှင့် မြန်မာ့ရုပ်ရှင်လုပ်ငန်းမော်ကွန်းရုပ်ရှင်က "ရင်နင့်အောင်မွှေး " ဇာတ်ကားနှင့် "ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ" ဇာတ်ကားများဖြင့် ဆက်လက်ပြသဖျော်ဖြေမည်ဖြစ်ကြောင်း သိရှိရသည်။

No comments: