Tuesday, April 7, 2009


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
(၆၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား
တိုင်းမှူးဗိုလ်ချုပ်တင်ငွေတက်ရောက်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၂၀၀၉ခုနှစ် (၆၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို မတ်၂၇ရက်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ စစ်ရေးပြအစီအစဉ်အတိုင်း နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်း၊ သစ္စာ(၄)ချက် ရွတ်ဆိုခြင်းတို့ကိုဆောင်ရွက်ကြပြီး တိုင်းမှူး ဗိုလ်ချုပ်တင်ငွေက မိန့်ခွန်းပြောကြားသည်။
ထို့နောက် တိုင်းမှူးသည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ ကျင်းပသော (၆၄)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်သည်။

No comments: