Tuesday, April 7, 2009


မြောက်ဥက္ကလာပမြို့နယ် ရေကူးအသံလွှင့်စက်ရုံ မွမ်းမံပြင်ဆင်မှု ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၁၂နာရီခွဲတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေကူးအသံလွှင့်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံမွမ်းမံ ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက အသံလွှင့်စက်ရုံ အဆေက်အအုံဟောင်းအား မွမ်းမံပြင်ဆင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းသည် ရေဒီယိုတာဝါ တိုင်အသစ် တပ်ဆင်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး တာဝါတိုင်တပ်ဆင်သည့် လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

မှာကြား
ယင်းနောက် ၀န်ကြီးက ရေဒီယို အသံလွှင့် တာဝါတိုင်များ ကြံ့ခိုင်မှုစစ်ဆေးရေးကို နှစ်စဉ်စနစ်တကျ စစ်ဆေးဆောင်ရွက်ရေး၊ အသံလွှင့်စက်များ ကြံ့ခိုင်ရေးနှင့် လုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စီမံချက်များအတိုင်း ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

No comments: