Tuesday, May 5, 2009

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ခေတ်မီဆက်သွယ်ရေးနည်းပညာများ အသုံးချနည်းပညာပြပွဲများမှ နည်းပညာသစ်များ တိုးမြှင့်ဖော်ဆောင်

မြန်မာ့သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာပြပွဲ(၂၀၀၉)ကို မေလ ၁ရက်မှ ၃ရက်နေ့အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ ကျင်းပခဲ့သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် အိုင်တီနည်းပညာများ ကျယ်ပြန့်စွာအသုံပြုနိုင်မှု အပေါ်၌ မူတည်နေသည်။ ယနေ့ခေတ် နည်းပညာတိုးတက်မြင့်မားသော နိုင်ငံများသည် နည်းပညာတိုးတက်မှုနည်းပါးသော နိုင်ငံများ၏ အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက်ရန် ကြိုးစားလျက်ရှိသည်။
မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံများအနေဖြင့် မိမိနိုင်ငံ၏ ကိုယ်ပိုင်အင်အားနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် ခေတ်မီသိပ္ပံနှင့် နည်းပညာရပ်များ တတ်ကျွမ်းပြီး တီထွင်အသုံးချနိုင်စွမ်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပိုင်ဆိုင်နိုင်မှုသည် အဓိကကျသည်။
မြန်မာနိုင်ငံအနေဖြင့် အချိန်နှင့်အမျှ အသစ်ဖြစ်ပေါ်နေသော အိုင်တီနည်းပညာနှင့် ထုတ်ကုန်ပစ္စည်းများကို မပြတ်လေ့လာနိုင်မှ သိရှိနိုင်မည်ဖြစ်ရာ ယခုကဲ့သို့ အိုင်တီဆိုင်ရာပြပွဲများ ကျင်းပပေးခြင်းဖြင့် လေ့လာသိရှိနိုင်ရန် အခွင့်အရေးတစ်ရပ်ရရှိခြင်း ပင်ဖြစ်သည်။
ပြခန်းတွင် ပြသထားရှိမှုများသည် အသွင်သစ်၊ အမြင်သစ်၊ ဒီဇိုင်းပုံစံသစ်များဖြင့် တည်ဆောက်ခင်းကျင်းပြသထားသည့်အပြင် အိုင်တီထုတ်ကုန်ပစ္စည်းများသည် နောက်ဆုံးထုတ်ကုန်များကို ပြသထားရှိသဖြင့် ပြည်သူများလေ့လာရန် အခွင့်အရေးတစ်ရပ်ရရှိမည်ဖြစ်ပြီး နည်းပညာသစ်များကို သိရှိလေ့လာခွင့်ရကြမည်ဖြစ် သည်။
နည်းပညာပြပွဲများ ခင်းကျင်းပြသခြင်းသည် ယနေ့လူငယ်များ နည်းပညာများကို ပိုမိုစိတ်ဝင်စားလာပြီး သတင်းအချက်အလက်များမှ နည်းပညာများ တိုးတက်ရရှိနိုင်ရာ နည်းပညာပိုင်းဆိုင်ရာ အခြေခံတတ်ကျွမ်းမှုများ ရရှိလာနိုင်မည်ဖြစ်သည်။
သို့ဖြစ်ပေရာ မြန်မာ့သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာပြပွဲများသည် ကမ္ဘာ့အဆင့်မီ နည်းပညာရပ်များကို မည်သူမဆိုလေ့လာသိရှိနိုင်ခွင့် ရရှိပြီး ခေတ်မီဆက်သွယ်ရေးနည်းပညာများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုနိုင်မည့် ပြပွဲများဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။


No comments: