ထို့နောက် တိုင်းမှူးသည် မုံရွာမြိှု့ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ရေဆိုးမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ပညာပေးသရုပ်ပြဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ မုံရွာမြို့ မုံရွာတောင်ရပ်ကွက်၊ ထန်းတောရပ်ကွက်နှင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တို့၌ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Wednesday, May 6, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment