ယခုအခါတွင် နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရာသီဥတုပူပြင်းလာပြီဲ ဖြစ်ပါသည်။ ထိုအပူဒဏ်ကြောင့် ချွေးထွတ်လွန်ပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားများဆုံးရှုံးမှု များပြားပါသည်။ ထိုသို့ ဆုံးရှုံးမှုကြောင့် မိတ်နှင့် ယားဖုများ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက် ပြီး ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် အသက်အန္တရာယ် စိုးရိမ်ရသောအခြေအနေအထိ ဖြစ်တတ်ပါသည်။
သို့ဖြစ်ပါ၍ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရန် အောက်ပါအချက်အလက်များကို လိုက်နာကြပါရန် နှိုးဆော်အပ်ပါသည်။
(၁) နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီး ခေါင်ပြင်၊ မြစ်ကြီးနား၊ ရေဆိပ်စသည်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရအေးမြသော နေရာများတွင် နေပါ။
(၂) နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။
(၃) နေပူထဲတွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်သင့်ပါ။
(၄) အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ဖြစ်ပေါ်လွယ်စေခြင်းနှင့် ဖြစ်ပွားပါက ပြင်းထန်စွာ ခံစားရခြင်းကြောင့် ရှောင်ကြဉ်သင့်ပါသည်။
(၅) နေ့ခင်းဘက်အပြင်ထွက်သည့်အခါတိုင်း အရိပ်လုံလောက်စွာ ရရှိနိုင်သည့် ထီး၊ ဦးထုပ်များဆောင်းပါ။
(၆) အလင်းရောင်ပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ အ၀တ်အထည်များကို ၀တ်ဆင်ပါ။
(၇) ပွပွချောင်ချောင် အ၀တ်အထည်များကို ၀တ်ဆင်ပါ။
(၈) ချွေးထွက်လွန်ပါက ကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆားဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန် ဓာတ်ဆားရည်သောက်ပါ။
(၉) ကိုယ်အပူရှိန်တက်ပါက ရေအေးဖတ်နိုင်နိုင်တိုက်ပါ။
(၁၀) ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများ ၊ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် နေ့လယ်နေ့ခင်းတွင် အရိပ်ရ၍ လေ၀င်လေထွက်ကောင်းသော နေရာမျိုး၌ နားနေပါ။
(၁၁) မိတ်ဖု၊ ယားနာများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ။
(၁၂) အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းနှင့် အတက်ရောဂါဖြစ်ပါက နီးစပ်ရာကျန်းမာရေးဌာနတွင် ပြသပါ။
Thursday, May 21, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment