Monday, May 25, 2009

လူတိုင်း ရောဂါဘယကင်းဝေးရေး ကျန်းမာရေးဂရုပြု နိုင်ငံ့သားကောင်းရတနာများပေါ်ထွန်းရေး ပြုစုပျိုးထောင်

ကျန်းမာခြင်းသည် လူသားများအတွက် တန်ဖိုးအထားရဆုံး ရလဒ်ဖြစ်သကဲ့သို့ နိုင်ငံတော်အတွင်းလည်း ပြည်သူများ၏ ကျန်းမာကြံ့ခိုင်မှုသည် တန်ဖိုးမဖြတ်နိုင်သည့် ဂုဏ်ဒြပ်ဖြစ်သည်။

ပြည်သူများ၏ ကျန်းမာကြံ့ခိုင်မှုအတွက် ရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် လူတိုင်းသက်တမ်းစေ့ အသက်ရှင်နေထိုင် နိုင်ရေးနှင့် ရောဂါဘယ ကင်းဝေးရေးကို ကျန်းမာရေးဝန်ကြီးဌာနက ရည်မှန်းချက်နှစ်ရပ် ချမှတ်ဖော်ဆောင်လျက်ရှိ သည်။

ကမ္ဘာတစ်ဝန်း ၁ဒသမ ၅ဘီလီယံကျော် လူသားများသည် သွေးတိုးရောဂါကို ခံစားနေကြရသည်။ သွေးတိုးရောဂါကင်းဝေးရန် ကျန်းမာရေး နှင့် ညီညွတ်သော အစားအစာများလိုအပ်သည်။ ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာ ဆိုသည်မှာ ခန္ဓာကိုယ်အတွက်လိုအပ်သည့် အင်အား၊ အသားဓာတ်နှင့် ဗီတာမင်သက်စောင့်ဓာတ်များ ပြည့်စုံမျှတစွာ ပါဝင်ပြီး ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်သည့် အဆီနှင့်အငန် လွန်ကဲစွာမပါသော အစားအစာများဖြစ်သည်။

ငန်လွန်ခြင်း၊ ချိုလွန်ခြင်း၊ ပြည့်ဝဆီ အများအပြားပါသော အစားအစာများကြောင့် ၀လွန်ခြင်း၊ ကိုယ်အလေးချိန်များခြင်း တို့ဖြစ်ပေါ်စေပြီး သွေးတိုးရောဂါကိုလည်း ဖြစ်စေသည်။ သွေးအတွင်း အဆီဓာတ်များခြင်း ၊ သွေးထဲတွင် ပုံမှန်ထက် သကြားဓာတ်ပိုနေခြင်းစသည်တို့ကို မလွဲမသွေဖြစ်စေနိုင်သည်။

အ၀လွန်ရောဂါနှင့် ကိုယ်အလေးချိန်များ၍ ဗိုက်ရွှဲခြင်းသည် ကျန်းမာရေးကို အဓိကအန္တရာယ်ဖြစ်စေနိုင်ပြီး အ၀လွန်သူတစ်ဦးသည် ပုံမှန်ကိုယ်အလေးချိန်ရှိသူထက် သွေးတိုးရောဂါကို နှစ်ဆမှ ခြောက်ဆအထိ ပိုမိုဖြစ်စေနိုင်သည်။

မှန်ကန်သော အစားအသောက်ကို ချင့်ချိန်ရွေးချယ်စားသောက်ခြင်း ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် ပြုလုပ်ခြင်းတို့မှာ အ၀လွန်ခြင်းနှင့် ကိုယ်အလေးချိန်များခြင်းတို့တွက် အကောင်းဆုံးသော ကာကွယ်ကုသနည်းလည်း ဖြစ်သည်။

သို့ဖြစ်ပေရာ လူတိုင်းသက်တမ်းစေ့ အသက်ရှင်နေထိုင်ရေးနှင့် ရောဂါဘယကင်းဝေးရေးတို့အတွက် ကျန်းမာရေးကို အထူးဂရုပြုပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုမည်ဖြစ်ပြီး နိုင်ငံတော်အတွက် ကာယစွမ်းအား၊ ဉာဏစွမ်းအားများ ဖြည့်ဆည်းပေးနိုင်သော နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments: