Monday, September 21, 2009

Computer Networking Opportunity with Cisco CCNA ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ

ICT ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာလူငယ်များအတွင်း Computer Networking ပညာရပ်များ တိုးတက်ပြန့်ပွားစေရန်ရည်ရွယ်၍ Net Info နည်းပညာသင်တန်းကကြီးမှူး၍ Computer Networking Opportunity with Cisco CCNA ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီခွဲတွင် ရန်ကုန်မြို့ လှိုင်မြို့နယ် မြန်မာ အင်ဖိုတက်ခ်ရှိ ကွန်ဖရင့်ဟော ၌ ကျင်းပသည်။
ရှေးဦးစွာ Net Info နည်းပညာသင်တန်းကျောင်းမှ Marketing Manager ဦးဇေယျာဦးက ဟောပြောပွဲကျင်းပခြင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် Lecturer ဦးအောင်မျိုးက လူငယ်များအတွင်း ပိုမိုကြိုက်နှစ်သက်လာကြသော နိုင်ငံတကာ အသိအမှတ်ပြု CCNA Network Certificate ကို လွယ်ကူစွာရရှိစေရန်
အကောင်းဆုံးနည်းလမ်းများကို ညွှန်ပြပေးခြင်း ၊ သင်ရိုးညွှန်းတမ်းကို တိကျသေချာစွာ လေ့လာနိုင်ရန် ကူညီပေးခြင်းနှင့် အသုံးပြုရမည့် Software Simulator များဖြင့် သရုပ်ပြ ရှင်းလင်းဟောပြောကြောင်း သတင်းရရှိသည်။

No comments: